Preview

တိုက်ပွဲပြင်းထန်နေသည့် ဒေသ ၅ခုတွင် စစ်ကောင်စီက နယ်လုံဝန်ကြီးများ အစားထိုးခန့်အပ်

စက်တင်ဘာ ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :6014
ပြည်တွင်း သတင်း

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအပါအဝင်ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့်ပါ တိုက်ပွဲများအဆက်မပြတ်ဖြစ်ပွားနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် စစ်ကောင်စီကလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများကို စက်တင်ဘာလ ၁ ရက်နေ့က အစားထိုးခန့်အပ်လိုက်သည်။

အစားထိုးခန့်အပ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့ဖြစ်ကြသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းအစား ဗိုလ်မှူးကြီး ကျော်သူရ၊ ကယားပြည်နယ်တွင် ဗိုလ်မှူးကြီး မြင့်ဝေအစား ဗိုလ်မှူးကြီးသန်းစိုးအောင်၊ ကရင်ပြည်နယ်တွင် ဗိုလ်မှူး ကြီး မျိုးမင်းနောင်အစားဗိုလ်မှူးကြီး မင်းသူဇော်၊ ချင်းပြည်နယ်တွင် ဗိုလ်မှူးကြီးဟန်ဝင်းအောင် အစား ဗိုလ်မှူး ကြီး သိန်းထွန်းအောင်နှင့် မန္တလေးတိုင်းဒေသကြီးတွင်ဗိုလ်မှူးကြီး ကျော်ကျော်မင်းအစား ဗိုလ်မှူးကြီး နေလင်း စိုးတို့ကိုအစားထိုး ပြောင်းလဲ ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ၄၁၉ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးများကို အစားထိုးခန့်အပ် တာဝန်ပေးလိုက်သည်ဟုစစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ် ထိုးထားသည်

မကြာသေးမီကလည်း အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စစ်ဆင်ရေး တာဝန်များ ယူထား၇သည့် အမှတ်(၁)စစ်ဆင်ရေးမှူးတာဝန်ကိုလည်း စစ်ကောင်စီ အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့စစ်ကောင်စီက တပ်ပိုင်းဆိုင်ရာ အဆင့်မြင့်ရာထူးများကို အပြောင်းအလဲ ဆက်တိုက်လုပ်လာခြင်းမှာ စစ်ရေးအချိန်ကိုမြှင့်တင်ရန်နှင့် လုံခြုံရေးကို တင်းကြပ်လိုသည့်အတွက် ဖြစ်နိုင်သည်ဟုမြန်မာ့အရေး လေ့ လာသူများက သုံးသပ်ကြသည်။


ထို့အပြင်ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းနှင့်နေပြည်တော်တိုင်းမှူးများကိုလည်း စစ် ကောင်စီက အပြောင်းအလဲ လုပ်ခဲ့ပြီးတနင်္သာရီတိုင်း ဒုတိုင်းမှူး သစ်လွှင်ထူးမှာ အရန်အင်အားအဖြစ် ပြောင်းရွေ့ခံခဲ့၇သည်။


လွန်ခဲ့သည့် ဇူလိုင်လအစပိုင်းမှစစ်ကောင်စီက စစ်တပ် အဆင့်မြင့်ရာထူးများကို အပြောင်းအလဲ လုပ်ခဲ့ပြီးအရာ ရှိ ၆၀ ကျော်ကိုလည်း အနားပေးခဲ့ပြီး တချို့ကိုလည်းအရန်အင်အားကို ပို့ဆောင်ခဲ့သည်။

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.