Preview

မြ၀တီခရိုင်ထွေအုပ်ရုံး ဒရုန်းဖြင့်ဗုံးကြဲခံရ၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တပ်ရင်းမှူးတစ်ဦးအပါအဝင် ၅ ဦး သေဆုံး

စက်တင်ဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :572
ပြည်တွင်း သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့လယ်ခေါင်ရှိ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးရုံးပေါ်သို့ ဒရုန်းဖြင့်ဗုံးများကြဲချခဲ့ရာ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ခလ၇ ၂၇၅တပ်ရင်းမှူးတို့အပါအဝင် ၅ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ် ရာရခဲ့ကြောင်း သိ၇သည်။

ယမန်နေ့ စက်တင်ဘာလ ၃ရက်၊ ညနေက ၆၀ မမ ဗုံးသီးအမျိုးအစား ၄ လုံးကို ဒရုန်းများဖြင့် အဆိုပါရုံးပေါ်သို့ကြဲချခဲ့ရာ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်၊ ခရိုင်ထွေ/အုပ် ဦးစီးအရာရှိ ဦးထွန်းထွန်းလင်းနှင့်ခရိုင်ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်တို့မှာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

ခလ၇ ၂၇၅ ယာယီတပ်ရင်းမှူးဒု-ဗိုလ်မှူးကြီး အောင်ကျော်မင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် နေလင်းစိုးတို့မှာ ဒဏ်ရာပြင်းထန်ခဲ့သဖြင့် မြ၀တီဆေးရုံတွင်ဆေးကုသခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေရ နာရီခန့်က မြ၀တီခရိုင်ထွေအုပ်ရုံးပေါ်သို့ ဒရုန်းဖြင့် ဗုံး ၂ လုံးကြဲချခံခဲ့ရသည့်အတွက်တာဝန်ရှိသူများက လာရောက်စစ်ဆေးမှုပြုလုပ်နေစဉ် ရ နာရီ၊ မိနစ် ၂၀ခန့်တွင် နောက်ထပ် ဗုံး ၂ လုံးဖြင့် ထပ်မံကြဲချခဲ့ရာ ယခုကဲ့သို့ထိခိုက်သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကိုFederal Wings ဒရုန်းတပ်ဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

အခင်းဖြစ်ပြီးချိန်မှစပြီး စစ်ကောင်စီတပ်များသည်မြ၀တီမြို့ပေါ်၌ လမ်းအလိုက်၊ ရပ်ကွက်အလိုက် လုံခြုံရေးများတင်းကျပ်နေကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်၏စစ်ရေးအရအရေးပါသည့် လက်ခတ်တောင်တာဝါတိုင်စခန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပူးပေါင်း မဟာမိတ်တပ်များကသိမ်းပိုက်ထားနိုင်ခဲ့သည်မှာ တစ်လခွဲနီးပါးကြာနေပြီဖြစ်သည်။

စစ်ကောင်စီတပ်သည်အဆိုပါစခန်းကုန်းကို ပြန်လည်တိုက်ခိုက်ကာသိမ်းနိုင်ရန် မြေပြင်စစ်သည်အင်အား၊ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတို့မှလည်း ၁၀ ကြိမ်ထက်မနည်းတိုက်ခိုက်ကြိုးပမ်းခဲ့သော်လည်း ပြန်မရနိုင်သေးဘဲရှိနေသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.