Preview

မြ၀တီခရိုင် ထွေအုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဝန်ထမ်းများနှင့် မိသားစုဝင်များ ရှောင်ရှား နေကြရန် Federal Wings သတိပေး

စက်တင်ဘာ ၀၅/ ၂၀၂၃ | ကြည့်ရှုသူ :771
ပြည်တွင်း သတင်း

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းက စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများနှင့် မိသားစုဝင်များ အနေဖြင့် သက်ဆိုင်ရာ ရုံး၊ နေအိမ်များကနေရှောင်ရှားနေကြဖို့အတွက် Federal Wings အဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့က သတိပေးချက်ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် Cobra စစ်ကြောင်းနှင့်အတူ Federal Wings ဒရုန်းတပ်ဖွဲ့တို့သည် မြ၀တီမြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးရုံးပေါ်သို့ ဗုံး ၄ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။

ခလ၇ (၂၇၅) ယာယီတပ်ရင်းမှူး အောင်ကျော်မင်း ၊မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီးအရာရှိ ဦးထွန်းထွန်းငြိမ်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင် နှင့် ယာဉ်ထိန်း ရဲအုပ် နေလင်းစိုးတို့ သေဆုံးခဲ့ပြီး ၁၁  ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။

အဆိုပါတိုက်ခိုက်မှုဖြစ်ပြီးနောက် Federal Wings အဖွဲ့မှ ယင်းကဲ့သို့ သတိပေးထုတ်ပြန်လာခြင်းဖြစ် သည်။

"သူတို့လက်ခတ်တောင်ကိုတောင် ပြန်မတိုက်နိုင်ခဲ့တာပဲ၊တော်လှန်ရေးဖက်က အားကောင်းလာသလို စစ်ကောင်စီဖက်ကလည်း အားလျော့လာနေတာသက်သေပြလိုက်တာပဲလေ၊ ဝန်ထမ်းတွေလည်း စဉ်း စားချင့်ချိန်ကြဖို့ လိုပြီ"ဟု တော်လှန်ရေးရဲဘော်တစ်ဦး က သုံးသပ်ပြောသည်။

ယင်းသို့သော စစ်ဆင်ရေးများ၌ လက်နက်ကိုင်မဟုတ်သော စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ၊ ပြည်သူများ ထိခိုက်မှုမရှိစေရေးအတွက် Federal Wings အဖွဲ့ကသတိပေးခြင်းဖြစ်ကြောင်း၊ ဒရုန်း တိုက်ခိုက်မှုများမှာ တိကျမှုရှိသော်လည်း မလိုလားအပ်သည့် ထိခိုက်မှုများမဖြစ်စေလိုသည့်အတွက် ဟုလည်းဆိုထားသည်။

မြ၀တီခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးရုံး တိုက်ခိုက်ခံ၇ပြီးနောက်မြ၀တီမြို့ပေါ်က စစ်ကောင်စီ၏ဌာန ဆိုင်ရာရုံးများ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများ၊မြို့တွင်းလမ်းမ၊ လမ်းဆုံများတွင် ရဲတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့ ဝင်များအားလုံခြုံရေးတိုးမြှင့်ချထားကြောင်း သိ၇သည်။

နောက်နေ့ စက်တင်ဘာလ ၄ ရက်နေ့ကလည်း နေ့လယ် ၁ နာရီအချိန်၌ လက်ခတ်တောင်တာဝါတိုင်ကုန်းကို စစ်ကောင်စီတပ်မှ တိုက်လေယာဥ်နှင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်မြေပြင်မှ လက် နက်ကြီးများနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိ၇သည်။

 

Photo: Federal Wings

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.