Preview

ပဲခူးတိုင်း မုန်းမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုများကြောင့် ဒေသခံ ၂ ဦးသေဆုံး

စက်တင်ဘာ ၀၇/ ၂၀၂၃ | ကြည့်ရှုသူ :5691
ပြည်တွင်း သတင်း


(လူပေါင်း ၃ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြ၇)


ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲ၌ စစ်ကောင်စီ၏လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ်မှုများကြောင့် ဒေသခံ ၂ ဦးသေဆုံးသွားပြီးလူပေါင်း ၃ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရကြောင်း သိ၇သည်။

သေဆုံးသွားသူများမှာ မုန်းမြို့နယ်၊ ငထွေစုပ်ရွာမှ အသက် ၁၂ နှစ် အရွယ်ရှိ စောလားခူဝါးဆိုသူနှင့်ပရဲစီရွာမှ အသက် ၈၃ နှစ်အရွယ်စောကျော်ဟိန်းဆိုသူတို့ဖြစ်ကြသည်။

စက်တင်ဘာလ ၃ ရက်တွင် မုန်းမြို့နယ် ငထွေစုပ်ရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်ခမ၇−၄၃၉ နှင့် ခလ၇−၆၀ တပ်များက လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ပြီ ဂျက်ဖိုက်တာ ၄ စင်းကလည်း ငထွေစုပ်ရွာထဲကို ပစ်ခတ်တိုက်ခဲ့ရာ စောလားခူဝါးဆိုသူသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကသတင်းထုတ်ပြန်ထားသည်။

ရွာသား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အိမ်၃ လုံးပါ ပျက်စီးခဲ့ရသည့်အတွက် မျက်ရဲ ကရင်ရွာ၊ငထွေစုပ်ရွာ၊ ဆေးပုလဲရွာ၊ မိသ္သလင်ရွာ၊ ဗမာ မျက်ရဲရွာ တို့မှ စုစုပေါင်း ဒေသခံ ၂၈၀၀ ကျော်တို့ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး စာရင်းကောက်ခံ၍ မရသေးသည့်ရွာများလည်းကျန်ရှိနေသေးကြောင်း KNU ဗဟိုက ဖော်ပြထားသည်။



စက်တင်ဘာလ ၄ ရက်တွင်လည်း စစ်ကောင်စီတပ်ခလ၇−၆၀ က ပရဲစီရွာထဲကို လက်နက်ကြီးများနှင့်ပစ်ခတ်ခဲ့ရာ စောကျော်ဟိန်း ဆိုသူသည် ပွဲချင်းပြီးသေဆုံးခဲ့၇ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။

ယင်းအပြင် စစ်ကောင်စီတပ်၏ပုဇွန်မြောင်းတွင်ရှိသော အမြောက်တပ် ခမ၇−၂၀ ကလည်း စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် ညောင်ပင်ကြီးရွာထဲကို လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ရာ ၆ လသားအရွယ် ကလေးတစ်ဦးအပါအဝင်၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။

လက်ရှိအချိန်ထိလည်း တိုက်ပွဲကဆက်ပြီးဖြစ်ပွားနေဆဲဖြစ်ကြောင်း KNUပြောခွင့်ရသူ ပဒိုစောကလယ်စေးက နိရဉ္စရာကို ပြောသည်။

‘’ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေဖက်အခြမ်းမှာတော့ ဒီကနေ့အထိတိုက်ပွဲတွေက နေ့စဉ်ဆက်တိုက် ဖြစ်နေဆဲပါပဲ။ သစ်ချဆိပ်စခန်းကတော့ကျွန်တော်တို့အနေနဲ့ အသေခံသွားရောက်နေထိုင်ဖို့ မရှိသေးဘူး။ ပြော၇ဖို့က စောတော့ စောနေပါသေးတယ်’’ဟု ပြောသည်။

အလားတူ စက်တင်ဘာလ ၅ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ လော်မူသောရွာနှင့် ဘုရားလေးကုန်းဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီတပ်ကလေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အိမ်နှင့်ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့ရပြီး ဒေသခံ ၇၀၀ နီးပါးဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့၇ကာ စာသင်ကျောင်း ၂ ကျောင်းလည်းယာယီပိတ်ထားခဲ့၇ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလဆန်းပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်တို့ နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေပြီးဒေသခံ ၃ ထောင်ကျော်တို့ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရခြင်းဖြစ်ကြောင်း သိ၇သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရင်း ၄ ခုတို့အထိုင်ချထားသည့် သစ်ချဆိပ်စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိ၇သည်။

စစ်ကောင်စီတပ်သည် အဆိုပါစခန်း သိမ်းပိုက်ခံလိုက်ရပြီးနောက်ပိုင်းအနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်နေသလိုလေကြောင်းမှလည်း ပစ်ခတ်နေကြောင်း သိ၇သည်။

Photo - 
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.