Preview

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ရေကြီးနေ

စက်တင်ဘာ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :1540
ပြည်တွင်း သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့တွင် စက်တင်ဘာလ ရ ရက် ညပိုင်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာကလေး မြို့ပေါ်က ရပ်ကွက် ၆ ခုတို့တွင် ယနေ့မွန်းတည့်အချိန်အထိ ရေကြီးရေလျှံနေကြောင်း ဒေသခံများထံမှ တဆင့်သိ၇သည်။

 

လူနေရပ်ကွက်များထဲရှိနေအိမ်များ၊ လမ်းမများ ရေနစ်မြုပ်နေပြီးရေစီးလည်းသန်သည့်အတွက်လမ်း သွားလမ်းလာများအခက်တွေ့နေ၇ကြောင်း ဒေသခံများက ပြောသည်။

 

‘’ညကမိုးများတယ်၊ မနေ့ကတည်းကမိုးကစရွာနေတာ၊၊ အခုလည်း မိုးကရွာနေတုန်း၊ ရေကလည်းခုချိန် ထိ ပြန်မကျသေးဘူးရယ်။’’ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။



 

ယနေ့မနက်ပိုင်းကချင်းတောင်ပေါ်မှတောင်ကျချောင်းရေများသည်ကလေးမြို့ပေါ်သို့ လျှံတက်လာ ခြင်းဖြစ်ကာ လူနေအိမ်များ၊ လမ်းမများအထိ ရေနစ်မြှပ်ကုန်ခြင်း ဖြစ်ကြောင်း ပြောသည်။

 

ကလေးမြို့ဆေးရုံဖက်အခြမ်းသည်မြေနိမ့်ပိုင်းဖြစ်သည့်အတွက်ဆေးရုံဝန်ထမ်းများ ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေကြရသလို တာဟန်းဈေးထဲလည်း ရေတွေဝင်ကုန်သည့်အတွက် ဈေးမဖွင့်နိုင်သေးကြောင်း သိ၇သည်။

 

လွန်ခဲ့သည့်၂၀၁၅ ခုနှစ် ဩဂုတ်လဆန်းပိုင်းလောက်ကလည်း ကလေးမြို့၌ တစ်မြို့လုံးနီးပါး ရေကြီးခဲ့ ကြောင်း သိ၇သည်။

Photo ;CJ 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.