Preview

ခမ၇-၃၅၀ မှ တပ်သား ၂ ဦး လက်နက်ကိုယ်စီနှင့် KNU ထံ အလင်းဝင်

စက်တင်ဘာ ၁၄/ ၂၀၂၃ | ကြည့်ရှုသူ :1021
ပြည်တွင်း သတင်း

(စစ်ကောင်စီတပ်သားများ လက်နက်ချမှုများပြားလာ)

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် (ခလယ်လွီထူခရိုင်)၊KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ ထံသို့စစ်ကောင်စီ တပ်သား ၂ ဦးတို့သည် စက်တင်ဘာလ ၁၁ ရက်နေ့က လက်နက်ချ အလင်း ဝင်လာခဲ့ကြောင်း KNU ဗဟိုက စက်တင်ဘာလ ၁၄ ရက် ယနေ့ ထုတ်ပြန်ထားသည်။

 

ရွှေကျင်မြို့နယ် သံဆိပ်စခန်း ခမ၇−၃၅၀ က မောင်ဒဿ (၂၅) နှစ် ကိုယ်ပိုင်နံပါတ် (တတ-၁၂၆၇၂၅) နှင့် မောင်ဖြိုးကိုကို ၂၁ နှစ်ကိုယ်ပိုင်နံပါတ် (တတ-၁၂၇၈၃၉) တို့သည် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်တွင်၎င်းတို့၏ လက် နက်များနှင့်အတူ လက်နက် ချအလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

‘’စစ်တပ်ထဲမှာက အခုလိုထွက်ပြေးချင်နေတဲ့ရဲဘော်တွေအများကြီးရှိနေသေးတယ်၊ အခုလည်း လစ်ရင် လစ်သလို ထွက်ပြေးလာကြတာပဲ။ နောက်လည်း ထွက်ပြေးလာမယ်ဆိုရင် သေနတ်တော့ ပါလာအောင် ယူလာခဲ့ကြစေချင်တယ်’’ ဟု CDM လုပ်ထားသည့် စစ်ကောင်စီတပ်အရာရှိတစ်ဦးကပြောသည်။


 ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် (ခလယ်လွီထူခရိုင်)၊KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ ထံသို့စစ်ကောင်စီ တပ်သား ၂ ဦးတို့သည် စက်တင်ဘာလ ၁၁ ရက်နေ့က လက်နက်ချ အလင်း ဝင်လာခဲ့ကြောင်း KNU ဗဟိုက စက်တင်ဘာလ ၁၄ ရက် ယနေ့ ထုတ်ပြန်ထားသည်။



 

၎င်း တပ်သား ၂ ဦးသည်  MA 1 တစ်လက်၊ MA 2 တစ်လက် တို့နှင့်အပါအဝင်ကျည်ဘောက် ၄ ခု၊ ကျည်ဆန် ၂၃၇ တောင့်တို့ကို တပါတည်းယူဆောင်လာခဲ့ခြင်းဖြစ်ပြီး၎င်းတို့ နှစ်ဦးကို  ခလယ်လွီထူခရိုင် တာဝန်ရှိသူများမှ တစ်ဦးကိုထောက်ပံ့ငွေ ကျပ်သိန်း ၄၀ စီ ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။


ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလ၇-၃၂ တပ်ရင်းမှ တပ်သားတစ်ဦးသည် KNLA တပ်မဟာ ၆ ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လက်နက်ချကာ လာရောက်ပူးပေါင်းခဲ့ပြီးထောက်ပံ့ငွေ ကျပ် သိန်း ၅၀ ပေးအပ်ခဲ့ကြောင်း သိ၇သည်။

 

ပြီးခဲ့သည့် ဩဂုတ်လတစ်လတည်းတွင် CDM လုပ်သည့်စစ်သား ၅၀ကျော်ရှိပြီး ဧပြီလမှ ဇူလိုင်လအထိ ၄ လအတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် ၅၀၀နီးပါးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုး၇ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဩဂုတ်လ ၂၂ ရက်က ကျင်းပခဲ့သည့် NUG ၏၂၈ ကြိမ်မြောက် အစိုး၇အဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Photo - 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.