မြန်မာနိုင်ငံအတွင်းရှိနိုင်ငံတကာအကူအညီပေးရေးအဖွဲ့
ပြည်ထဲရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ယမန်နေ့ စက်တင်ဘာ(၁၄)ရက်ကနေပြည်တော်ရှိ Hotel Max ၌ပြုလုပ်သော NGO/INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင်ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်
ယင်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင်အစိုးရဌာနအဖွဲ့အစည်းများ၏ ထောက်ခံချက်များ ရယူရန်လိုပြီးသက်ဆိုင်ရာဌာနများအနေဖြင့်လည်း အဖွဲ့အစည်း၏ မူဝါဒ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီးမြန်ဆန်စွာဆောင်ရွက်ပေးရန် လိုအပ်ကြောင်းကိုလည်းဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့သည်ဟု သိ၇သည်။
INGO/ NGO များကိုအသုံးချကာ တရားမဝင်ကိစ္စများအတွက် ထောက်ပံ့မှုများ မဖြစ်စေရန်လိုအပ်ပြီး INGO/NGO များအနေဖြင့်လည်း အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရမည်ဟု ထည့်သွင်းပြောကြားသွားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့
၇ခိုင်တွင်လည်း ပြီးခဲ့သည့်မေလ ၁၄ ရက်က လူပေါင်း ၁၄၀ ကျော်သေဆုံးခဲ့ရသည့် မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ပြီးနောက်တွင် INGO နှင့်NGO များ၏ လူသားချင်းစာနာမှုဆိုင်ရာသွားလာ ကူညီထောက်ပံ့ခွင့်များကိုစစ်ကောင်စီက ဇွန်လမှစတင်တားမြစ်ကန့်သတ်ထား
ယင်းသို့ကန့်သတ်ထားသည့်အတွက် ရခိုင်ရှိ စစ်ဘေးရှောင်များနှင့် မုန်တိုင်းသင့်ပြည်သူများသည်နိုင်ငံတကာအဖွဲ့အစည်းများ၏အကူ
ရခိုင်ရှိ NGOအသိုင်းအဝိုင်းမှဝန်ထမ်းတစ်ဦးက မြန်မာတစ်နိုင်ငံလုံးရှိ INGO နှင့် NGO များသည် စစ်ကောင်စီနှင့်နားလည်မှုစာချွန်လွှာ (MOU)သော်လည်းကောင်း၊ မှတ်ပုံတင်သော်လည်းကောင်းပြုလုပ်ကာ ပြည်သူများကို ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ပြောသည်။
INGO နှင့် NGO များမှတဆင့်စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့
“တစ်နိုင်ငံလုံး သူတို့ဖြန့်ပြီးတိုက်နေရတဲ့အခါဟိုအဖွဲ့တွေဆီ အဲလို အကူအညီတွေ မရောက်စေချင်ဘူးပေါ့။အင်အားကြီးလာမှာကို သူတို့ မလိုဘူး။ အဓိက အဲဒီလမ်းကြောင်းတွေကိုသူတို့ပိတ်ချင်တာပါ”ဟုပြောသည်။
ရခိုင်တွင် INGOနှင့် NGO များကိုလွတ်လပ်စွာသွားလာထောက်ပံ့ခွင့်
ဓာတ်ပုံ - UNHCR