Preview

ကော့ကရိတ်မြို့ စစ်ကောင်စီတပ်၏ ရေတလျောက်စခန်းကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်

စက်တင်ဘာ ၁၅/ ၂၀၂၃ | ကြည့်ရှုသူ :1556
ပြည်တွင်း သတင်း

(စစ်တပ်က ဦးသေဆုံးပြီးတော်လှန်ရေးတပ်ဖွဲ့မှ ဦးကျဆုံးကာလက်နက်အများအပြား သိမ်းဆည်း၇မိဟုဆို)

 

မြန်မာ-ထိုင်း နယ်စပ်ကရင်ပြည်နယ် ကော့ကရိတ်မြို့ ရေတလျောက်စခန်းကို ကရင်အမျိုးသားတော်လှန်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စက်တင်ဘာလ ၁၄ ရက် မနေ့က တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း၇မိခဲ့ကြောင်း သိ၇သည်။

 

၎င်းစခန်းသည်  KNU ကရင်အမျိုးသားအစည်းအရုံး၏ စိုးမိုးနယ်မြေ ဒူးပလာယာ ခရိုင်ထဲရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ဖြစ်သည်ဟုလည်း သိ၇သည်။  

 

စက်တင်ဘာလ ၁၄ ရက် မနေ့ကနံနက် နာရီခန့်တွင် KNLA တပ်ရင်း ၁၈ နှင့် တော်လှန်ရေးပူးပေါင်း တပ်များက အဆိုပါစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် နာရီခွဲခန့်တွင် သိမ်းပိုက်လိုက်နိုင်ခဲ့ ကြောင်း KNU ဗဟိုက စက်တင်ဘာလ ၁၅ ရက် ယနေ့ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။



 အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ဦးသေဆုံးပြီး အခြားတပ်သားများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သလို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဦး သေဆုံးပြီး ဦး ဒဏ်ရာ၇ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

စကစ စခန်းတွေက တော်လှန်ရေးတပ်တွေရဲ့ ဝင်သိမ်းခံ၇တာများနေပြီ၊ အောက်ခြေ စစ်သားတွေလည်း ထွက်ပြေးကုန်ကြပြီ/ မနိုင်မှန်းသိလာတော့ တော်လှန်ရေးတပ်တွေကို သူတို့က ယှဉ်မတိုက်ချင်တော့ဘူး ပေါ့’’ဟု CDM စစ်အရာရှိတစ်ဦးက သုံးသပ် ပြောဆိုသည်။

 

အဆိုပါ စစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်း၇မိခဲ့သည့် လက်နက်ခဲယမ်းများမှာ MA-1 လက်၊ MA-2 လက်၊ MA-3 လက်၊ MA-4 ပူးတွဲ လက်၊RPG-7 လက်၊ 60 mm ပြောင်းတို လက်၊ ပစ္စတို လက်၊ ငါးကြင်းမြီး စက်လက် လက် တို့ဖြစ်ကြပြီး၊ RPG-7 ကျည် အလုံး ၇၀၊ 81mm ကျည် အလုံး ၄၀၊ 60 mm ကျည် အလုံး ၁၁၀၊ M-79 ကျည် အလုံး ၄၀၊ 5.56 ကျည် ၂၈၀၀ တောင့်၊ 7.62 ကျည် အတောင့် ၈၀၀ တိုက်မိုင်း အလုံး ၂၀ နင်းမိုင်း ၂၃ လုံး၊ ရှေ့ထွက်မိုင်း လုံး၊ ဆက်သွယ်ရေးစက်ကြီး လုံး၊ မြေပုံ ရွက်၊ လက်ပစ်ဗုံး အလုံး ၂၀ နှင့် Compass လုံးတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလ၇-၃၂ တပ်ရင်းမှ တပ်သားတစ်ဦးသည် KNLA တပ်မဟာ ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လက်နက်ချကာ လာ ရောက်ပူးပေါင်းခဲ့ကြောင်း သိ၇သည်။

Photo ; 𝗞𝗮𝗿𝗲𝗻𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹𝗨𝗻𝗶𝗼𝗻

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.