- Web Master
- ၂၉ ဇူလိုင် ၂၀၂၃
“ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အောင်မြင်မှုရရှိနေပြီဟု ဆိုလာပြန်”
နိရဥ္စရာ၊ စက်တင်ဘာလ
၁၆/
၂၀၂၃
ရခိုင်ပြည်မှ နေရပ်စွန့်ခွာသွားသူများ
ပြန်လည်စိစစ်လက်ခံရေးနှင့် နေရာချထားရေး လုပ်ငန်းအား မည်သည့်
အချိန်တွင်မဆို စတင်နိုင်သည့်
အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဒေသအတွင်း
ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အောင်မြင်မှု ရရှိနေပြီဖြစ်ကြော
စက်တင်ဘာလ ၁၄ ရက်နေ့
နေ့လည်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခမ်းမတွင်ကျင်းပသည့် ၁/ ၂၀၂၃
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
လုပ်ငန်းများ ညှိနှိုင်းအစည်း
အဝေးတွင် စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်းက ပြောဆိုလိုက်ခြင်း
ဖြစ်သည်။
“ ယနေ့အချိန်အခါတွင်
ရခိုင်ပြည်မှ
နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် နေရာချထားရေး
လုပ်ငန်းအား
မည်သည့်အချိန်အခါမဆို စတင်နိုင်သည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည့်အပြင်
ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အောင်မြင်မှုရရှိနေပြီဖြစ်ကြော
အဆိုပါ အစည်းအဝေးကို
စစ်ကောင်စီက ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ညှိနှိုင်းပေါင်း စည်းရေးကော်မီတီ ဥက္ကဋ္ဌလည်းဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန (၂) ဝန်ကြီး
ဦးကိုကိုလှိုင်၊ လူကယ်ပြန် ၀န်ကြီး ဒေါက်တာစိုးဝင်းနှင့် ကော်မီတီဝင်
ဒုတိယဝန်ကြီးများ
တက်ရောက်ခဲ့ပြီ
ဘင်္ဂလား-မြန်မာနှစ်နိုင်ငံအစို
ရခိုင်ပြည်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကော်မီတီများအနေဖြင့်
ရှေ့ဆက်လုပ်ရမည့်ကိစ္စများကို ရေးဆွဲ ထားသည့် စီမံချက်များနှင့်အညီ
အောင်မြင်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်း ဆောင်
ရွက်ကြရန် လည်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဆိုပါ အစည်းအဝေးတွင်
တိုက်တွန်းခဲ့သည်။
မွတ်ဆလင်ဒုက္ခသည် ၇၀၀၀ ကျော်ခန့်ကို
စစ်ကောင်စီက စိစစ်လက်ခံရန် ပြင်ဆင်နေခြင်းမှာ အမှန်တကယ် လို လား၍မဟုတ်ဘဲ
နိုင်ငံတကာဖိအားကို ခံနေရသည့် စစ်ကောင်စီက နိုင်ငံရေး အကျိုးအမြတ်အတွက် အ
သုံးချနေခြင်းဖြစ်ပြီး ဟန်ပြ လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း
ဒုက္ခသည်များနှင့် နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောဆိုမှုများ
ရှိနေကြသည်။
ရခိုင်ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ
ဦးဦးဖေသန်းက ဒုက္ခသည်ပြန်လည်လက်ခံရေး အစီအစဉ်မှာ ရခိုင် ကိုယ်စားပြု
အဖွဲ့အစည်းများ ပါ၀င်ရန်လိုအပ်သည်ဟု မကြာသေးမီက နိရဥ္စရာကို
ပြောဆိုထားသည်။
“ အထူးသဖြင့်တော့
ကျွန်တော်တို့ ရခိုင်တမျိုးသားလုံးက အားကိုး အားထားပြုနေတဲ့ ULA/AA က ဒီကိစ္စကို ဖြေရှင်းတဲ့
ကိစ္စတွေမှာ ပါ၀င်နိုင်မယ်ဆိုရင်တော့ ရခိုင်သူ ရခိုင်သားတွေလည်း
ပိုလက်ခံလာနိုင်မယ်။ ပိုနီး စပ် သွားမယ်။ ဒါကြောင့် ရခိုင်တွေရဲ့
ကံကြမ္မာအဆုံးအဖြတ်ကို ပေးတဲ့နေရာမှာ ရခိုင်အဖွဲ့အစည်းတွေ မပါလို့ မရ ဘူး။
ဗမာနိုင်ငံရေးပါတီတွေ၊ ဗမာအဖွဲ့အစည်း၊ ဗမာစစ်တပ်၊ NUG အပါအဝင် ကိုယ့်ရဲ့ နိုင်ငံရေး အသာစီး
ရလို မှုနဲ့ ဒီကိစ္စကို အသုံးချမယ်ဆိုရင်တော့ သမိုင်းမှာ
ဆိုးဝါးတဲ့ကိစ္စတွေဘဲ ဖြစ်လာမယ်။” ဟု
ဦး ဦးဖေသန်းက
ပြောသည်။
စက်တင်ဘာလ ၂ ရက်နေ့က ဝန်ကြီး ဦးကိုကိုလှိုင်
ဦးဆောင်သည့် ရန်ကုန်အခြေစိုက် သံရုံး များ မှ အကြီးအကဲများနှင့်
သံတမန်များက ပြည်လည်ဝင်ရောက်လာမည့် မွတ်ဆလင်ဒုက္ခသည်များကို လက်ခံ ရန်
ပြင်ဆင်ထားသည့် ကြိမ်ချောင်းနှင့် လှဖိုးခေါင် ပြန်လည်လက်ခံရေး
စခန်းများကို သွားရောက်လေ့လာ ခဲ့ကြ သည်။
အလားတူ မေလ
၅ ရက်နေ့ကလည်း ဘင်္ဂလာအစိုးရ တာဝန်ရှိသူ ၇ ဦးနှင့် မွတ်ဆလင်ဒုက္ခသည် ၂၀
ဦးပါ သည့် ကိုယ်စားလှယ်အဖွဲ့က မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့်
လှဖိုးခေါင် ပြန်လည်
လက်ခံရေး
စခန်းများကို သွားရောက်လေ့လာခဲ့ကြသည်။
ပြည်လည်ဝင်ရောက်လာသည့်
မွတ်ဆလင်ဒုက္ခသည်များမှာ ကြားစခန်းများတွင် ယာယီနေထိုင်ရမည် ဖြစ်ပြီး ယင်းမှတစ်ဆင့် အမြဲတမ်းနေထိုင်မည့်
နေရာများကို ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်တွင် ၂၀၁၇
ခုနှစ် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ဘာသာရေးဆန်သည့် ပဋိပက္ခများကြောင်း
သိန်းနှင့်ချီ သည့် မွတ်ဆလင်များမှာ ဘင်္ဂလာနိုင်ငံဘက်ကို နေရပ်စွန့်ခွာ
ထွက်ခွာသွားခြင်း ဖြစ်သည်။
(NN-14)
Photo- စစ်ကောင်စီ