တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်ထဲ မြန်မာအလုပ်သမား ၁၂ ဦး အဖမ်းခံရပြန်


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 835

ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင် မင်အ်မြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးတို့သည် အမိုးဖွင့်ပစ်ကပ် ကားတစ်စီး၏ နောက်ခန်းတွင် တာလပတ်ဖြင့်ဖုံးထားကာလိုက်ပါလာရင်းမှ ထိုင်းအာဏာပိုင်များ၏ ဖမ်း ဆီးခြင်းခံလိုက်ရကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းက ကန်ကျနဘူရီခရိုင် မင်အ်မြို့ ဝမ်ဒို့ရွာ၌ ယင်းပစ်ကပ်ကားတစ်စီး ပေါ်တွင် (ကျား ၁၀ ဦး၊ မ ၂ဦး) စုစုပေါင်း ၁၂ ဦးလိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာန ဖြစ်သည့် ကျိုချို သတင်းဌာနက ဖော်ပြထားသည်။

 

၎င်းအလုပ်သမားများကို ထောဖာဖူမြို့နယ် လှေဆိပ်မှတင်ဆောင်လာပြီး ပို့ဆောင်ခအဖြစ် တစ်ဦးကို ဘတ် ၂၀၀၀ ရရှိကြောင်း ယာဉ်မောင်းက ထွက်ဆိုထားသလို မြန်မာအလုပ်သမားများကလည်း ပွဲစားကို တစ်ဦးကို ဘတ် ၂၀၀၀၀ အထိပေးခဲ့ရတယ်လို့ အဆိုပါသတင်းဌာနတွင် ဖော်ပြထားသည်။



 

၎င်းမြန်မာအလုပ်သမား ၁၂ ဦးတို့သည် စမွတ်ဆာခေါ စမွတ်ဆုန်ခရမ် ဒေသများတွင် သွားရောက် အလုပ်လုပ်ကိုင်ကြမည် ဖြစ်ကြောင်းလည်း ထွက်ဆိုထားသည်။

 

‘’ဒီကာလက ထိုင်းနိုင်ငံထဲ တရားဝင်ရွှေ့ပြောင်းသွားဖို့အတွက်က ခက်ခဲလာတယ် မြန်မာတွေကလည်း နေ့တိုင်းဝင်လာတာတွေ ရှိတယ် တရားမဝင်သွားလာရတာတွေများလာတာပေါ့ ဒီလိုဖြစ်တာကလည်း ပွဲ စားတွေဖက်က တာဝန်မကျေပွန်မှု လစ်ဟာတွေကြောင့်ပါ’’ ဟု မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

 

ယခုနှစ် ၈ လကျော်အတွင်း၌ ထိုင်းနိုင်ငံထဲ၌အဖမ်းခံလိုက်ရသည့် တရားမဝင်ရွှေ့ပြောင်းမြန်မာအလုပ် သမား ၁ သောင်းကျော် ရှိနေပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည့်သတင်းများ စုစည်းထားသည့်စာရင်းများအရ သိရသည်။ 

Photo ; Thai News

ဆက်စပ် သတင်းများ