Preview

စစ်ကောင်စီတပ်သားတစ်ဦး သေနတ်နဲ့အတူစနိုက်ပါ KNU/KNLAနှင့် လာရောက်ပူးပေါင်း

စက်တင်ဘာ ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :1723
ပြည်တွင်း သတင်း

စစ်ကောင်စီတပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမ၇ ၉ မှ တပ်သားတစ်ဦးသည် ကရင်ပြည်နယ် ကော့က ရိတ်မြို့နယ်ထဲရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ထံသို့ စနိုက်ပါ သေနတ်တစ်လက်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း သတင်းရရှိသည်။

လက်နက်ချ အလင်းဝင်လာသူမှာ တပ်မ ၄၄ လက်အောက်ခံ ခမ၇ ၉ တပ်ရင်း မှ အသက် ၃၃ နှစ် အရွယ်ရှိ တပ်သား စောသက်နိုင်ထွန်းဖြစ်ပြီး 338 Sniper ၁ လက်၊၎င်းကျည် အတောင့် ၅၀ တို့နှင့်အတူ ယခုလ ၈ ရက်နေ့က လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို က စက်တင်ဘာ လ ၁၉ ရက် ယနေ့ သတင်းထုတ်ပြန်ထားသည်။

“ အခုဒီကာလ အတွင်းမှာ စကစ ဖက်ကနေ လက်နက်ချအလင်းဝင်လာသူတွေ များလာတယ်။ လာရောက်ပူးပေါင်းလာတဲ့ စစ်သားတွေ ကိုပြည်သူလူထုများမှ နွေးထွေးစွာ ကြိုဆိုလျှက် ရှိပါတယ်" ဟု CDMစစ်အရာရှိ တစ်ဦးမှ သုံးသပ်ပြောသည်။


အဆိုပါ တပ်သားအား KNLA ကော်ဘရာစစ်ကြောင်း၏ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော မှ ထိုင်းဘတ်ငွေ ၁၀၀,၀၀၀ တစ်သိန်းတိတိ ကို ကူညီထောက်ပံ့ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆိုမိမိတို့၏တပ်အား စွန့်ခွာကာ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးနှင့် ပြည်သူလူထုများ၏ ရင်ခွင်သို့လက်နက်ခဲယမ်းများ နှင့်အတူ လာရောက်ပူးပေါင်းလာသော စစ်သားများကိုပြည်သူလူထုများမှ နွေးထွေးစွာ ကြိုဆိုလျှက် ရှိနေပြီး ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးမှ ၎င်းတို့၏ ရှေ့ဆက် ဘ၀ ရပ်တည်နိုင်ရေး အတွက်ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းဖြင့်လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အား မနှစ်သက်သဖြင့် တော်လှန်ရေးပြီးဆုံးသည်အထိ KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာဏာရှင်စနစ်အား တွန်းလှန်တိုက်ပွဲဝင်သွားမည်ဟု လည်း တပ်သား စောသက်နိုင်ထွန်းထံမှ သိ၇သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလ၇-၃၂ တပ်ရင်းမှ တပ် သားတစ်ဦးသည် KNLA တပ်မဟာ ၆ ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လက်နက်ချခဲ့သလို စက်တင် ဘာလ ၁၁ ရက်နေ့ကလည်း ရွှေကျင်မြို့နယ် သံဆိပ်စခန်း ခမ၇−၃၅၀ က တပ်သားနှစ်ဦးတို့လည်း လက် နက်များနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) − တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ထံသို့လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူး ပေါင်းလာသော တပ်သားတစ်ဦး နှင့် KNLA - ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်ဒါဘော။

 

Photo ; 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

----

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.