Preview

NLD အစိုးရလက်ထက် တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ မွန်အမျိုးသားနိုင်သက်လွင် ကွယ်လွန်

စက်တင်ဘာ ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :1584
ပြည်တွင်း သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည့် နိုင်သက်လွင် သည် စက်တင်ဘာလ ၂၀ ရက်နေ့ကရန်ကုန်မြို့ ကန်သာယာ ဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း သိ၇သည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မိကွန်ချမ်း ၏ ဖခင်ဖြစ်လည်းဖြစ်သည့် အသက် ၈၃ နှစ်အရွယ်ရှိ နိုင်သက်လွင်သည်နှလုံးရောဂါကြောင့် စက်တင် ဘာလ ၂၀ ရက် ည ရ နာရီက ရန်ကုန်မြို့၌ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။

 

မွန်လူမျိုးတစ်ဦးဖြစ်သည့် နိုင်သက်လွင်သည် ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၌ ၁၉၄၀ ခုနှစ်တွင် မွေး ဖွားခဲ့ပြီး မော်လမြိုင်တက္ကသိုလ်မှ ဘီအေ(ဒဿနိကဗေဒ) ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ရာကနေ ၁၉၅၈ ခုနှစ် တွင် နိုင်ငံရေးလောကထဲသို့စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။

 

၁၉၈၈ ခုနှစ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်၊၂၀၁၂ ခုနှစ် မွန်ဒီမိုကရေစီပါတီ MDP၊ ၂၀၁၄ ခုနှစ် မွန်အမျိုးသား ပါတီ MNP အဖြစ်သို့ ပါတီနာမည်ပြောင်းလဲခဲ့ရာတို့တွင် ဒု-ဥက္ကဋ္ဌတာဝန်များ ကို ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိ၇သည်။

 

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည့် NLD ပါတီအစိုး၇အဖွဲ့တွင် ပြည်ထောင်စု အဆင့်ဝန်ကြီးဌာန ၂၁ ခု ပြင်ဆင်ဖွဲ့ခဲ့စည်းရာတွင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ယူ ဆောင် ရွက်ဖို့ သမ္မတ ဦးထင်ကျော်ကအမည်စာရင်းတင်သွင်းခဲ့ကြောင်း သိ၇သည်။

 

ဒါကြောင့် နိုင်သက်လွင်သည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် NLD ပါတီ၏ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိ၇သည်။

 

နိုင်သက်လွင်၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်ကို ရန်ကုန်မြို့မှမော်လမြိုင်မြို့သို့ ပြန်လည်ယူဆောင် ကာ စက်တင်ဘာလ ၂၂ ရက် မနက်ဖြန်သင်္ဂြိုဟ်မည်ဖြစ်ကြောင်းလည်းသိ၇သည်။ 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.