တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ကော့စ်ဘဇားတွင် မြန်မာဘက်က တင်သွင်းလာသည့် မက်သာဖက်တမင်း ၅ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည် ကော့စ်ဘဇားခရိုင်၊ တက်နက်မြို့နယ်တွင် မြန်မာဘက်က တင်သွင်းလာသည့် မူးယစ်ဆေးဝါး မက်သာဖက်တမင်း ၅ ကီလိုဂရမ်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း The Financial Express  တွင် သတင်းဖော်ပြသည်။

သတင်းအရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အမှတ် (၂) BGB မှ အဖွဲ့တစ်ဖွဲ့သည် တနင်္ဂနွေညတွင် မြန်မာနိုင်ငံဘက်က  Mirza Jor ဒေသသို့ ဦးတည်သွားနေသည့် လှေတစ်စင်းကို ကြားဖြတ် ဟန့်တားခဲ့ကြောင်း၊ လှေပေါ်တွင် ပါလာသူနှစ်ဦးမှ  နတ်မြစ်ထဲသို့ ခုန်ချကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း  ဖော်ပြထားသည်။

ယင်းနောက် BGB တပ်ဖွဲ့ဝင်များသည် လှေပေါ်မှ က်သာဖက်တမင်း ၅ ဒဿမ ၂ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့သည်ဟု BGB-2 (တက်ကနက်)မှ တပ်မှူး Col Md Mohiuddin Ahmed က ပြောဆိုသည်။ ( NN-30)

ဆက်စပ် သတင်းများ