Preview

စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပါတီ တည်ထောင်ခြင်း ၃၅ ပြည့်နေ့တွင် NLD ထုတ်ပြန်

စက်တင်ဘာ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :5213
ပြည်တွင်း သတင်း

စစ်ကောင်စီက ကျင်းပဖို့ကြံစည်နေသည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆန့်ကျင်သွားမည်ဖြစ် ကြောင်း စက်တင်ဘာလ ၂၇ ရက်တွင် ယနေ့ကျရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တည်ထောင်ခြင်း ၃၅ ပြည့်နေ့၌ ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်၇သည့် ထုံးစံရှိသော်လည်း ဒီမို ကရေစီစံနှုန်းများနှင့်ကိုက်ညီမှုမရှိခြင်း၊ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဥပဒေများ ရှိခြင်းတို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရပ်တည်ခဲ့သလို ယနေ့အချိန်တွင်လည်း ဥပဒေမဲ့ နိုင်ငံတော်အာဏာကို မတရားသိမ်းထားသည့် စစ်ကောင်စီက ကျင်းပရန်ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြု ဆန့်ကျင်ရပ်တည်သွားမည်ဟု NLD ပါတီက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုဖြင့် ပြည်သူလူထုဆန္ဒကို အလေးအနက်ထားအကောင်အထည် ဖော်မှုတို့ကြောင့် ပြည်သူတစ်ရပ်လုံးထောက်ခံမှုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရွေးကောက်ပွဲများတွင် သောင်ပြိုကမ်းပြို အနိုင်၇ခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုထားသည်။

စစ်ကောင်စီအနေနှင့် တိုင်းရင်းသား လက်နက်ကိုင်ဒေသများတွင် ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက် ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည် တော်၌ ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီမှထုတ်ပြန်ထားသည်။

 

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း လာမယ့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲကျင်းပနိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင်များ၏ အစည်းအဝေးတွင် ပြောကြားထားခဲ့ကြောင်း သိ၇သည်။

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ သစ်အ၇ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်၇မှာဖြစ်ပြီး၊ ပါတီမှတ်ပုံပြန် မတင်ဘူးဆိုပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်တွင် ပြန်လည်မှတ်ပုံမတင်သည့် NLD ပါတီအပါအဝင် နိုင်ငံရေး ပါတီပေါင်း ၄၀ ကို ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က ကြေညာခဲ့ပြီးဖြစ်ကြောင်း သိ၇သည်။

Photo - NLD

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.