ရှမ်းပြည်နယ် ဖယ်ခုံမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ဦးသည် စက်တင်ဘာလ ၂၈ ရက်နေ့က အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို ဝင်ရောက်ဓားပြတိုက်ခဲ့ပြီးနောက် ချက်ချင်းပဲ ဖမ်းဆီးရမိခဲ့ကြောင်း သိ ၇သည်။
ဖယ်ခုံမြို့မရဲစခန်းမှ ရဲတပ်ကြပ် မျိုးမင်းအောင် ဆိုသူသည် ဖယ်ခုံမြို့လယ်ရှိ မြတ်စေတနာအိမ်ဆောက် ပစ္စည်းအရောင်းဆိုင်ကို စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၃ နာရီခန့်က ဈေးဝယ်ဟန်ဆောင်ပြီး သေ နတ်နှင့်ချိန်ရွယ်ပြီး ကျပ် ၁၀ သိန်း ကို ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
၎င်းသည် ဓားပြတိုက်သည့်အချိန်တွင် မျက်နှာပေါ်၌အကာအကွယ်မပါသည့်အတွ
ယခင်ကလည်း တပ်ကြပ် မျိုးမင်းအောင် သည် ယင်းဆိုင်ကို မကြာခဏဈေးလာဝယ်ဖူးသူဖြစ်ကြောင်း၊ မြို့မရဲစခန်းသည် ဓားပြတိုက်ခံ၇သည့်ဆိုင်နှင့် ၁ ဖာလုံခန့်သာ မကွာဝေးသည့်နေရာတွင် ရှိကြောင်း လည်း သိ၇သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေအပေါ် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်၊ တပ်ရင်း-၁၀၀၆ က စောင့်ကြည့်နေကြောင်းလည်း ထုတ်ပြန်ထားသည်။
မကြာသေးခင်ရက်ပိုင်းကလည်း ဖယ်ခုံမြို့ တောင်ဘက် ဖယ်ခုံ-လွိုင်ကော် ကားလမ်းမကြီးဘေး ကွမ်လုံ ရွာရှိ နေမင်းသစ် ဆီပန့်ဆိုင်တွင်လည်း ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိ၇သည်။NN – 24
Photo ; ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး