Preview

စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲဖြစ်

အောက်တိုဘာ ၁၅/ ၂၀၂၃ | ကြည့်ရှုသူ :5851
ပြည်တွင်း သတင်း

(စစ်ကောင်စီတပ်မှ ၁၀ ကျော်ကျဆုံးပြီးလက်နက်များ သိမ်းဆည်း၇မိ)

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA)နှင့်စစ်ကောင်စီ တပ်တို့သည် ယမန်နေ့ညနေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ ၁၀ ကျော်ကျဆုံးကာလက်နက်ခဲယမ်းအပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများကိုလည်းသိမ်းဆည်း၇မိသည်ဟု ကိုးကန့်သတင်း တပုဒ်တွင် ဖော်ပြသည်။

အဆိုပါတိုက်ပွဲမှာ စစ်ဆင်ကွပ်ကဲမှုဌာနချုပ် (စကခ) ၁၂လက်အောက်ခံ အမှတ် ၃၃၅ စစ်ကောင်စီတပ်နှင့်MNDAA တို့အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA)၏ လိုက်လံ ပစ်ခတ်မှုအောက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ တပ်သားတချို့ စစ်မြေပြင်မှအထိတ်တလန့်ထွက်ပြေးပြီး သေဆုံးသောရုပ်အလောင်းတချို့ ကျန်ရှိကာ လက်နက်ခဲယမ်းတချို့လည်းစွန့်လွှတ်ခဲ့ပါသည်”ဟု ကိုးကန့်သတင်းတွင် ရေးသားထားသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ ၁၆ ဦးကျဆုံးပြီးရ ဦး ဒဏ်ရာရရှိခဲ့ကာ ရိုင်ဖယ် ၁၀ လက်၊ ၆၀ မမ တစ်လက်၊ လက်ပစ် အမြောက် ၁ လက်၊ ကျဉ်ဘောက် ၁၄ ခု၊ကျည်ဆန် ၂၁၈ တောင့်၊ အသံလွှင့်စက် ၁ လုံး၊ လက်ကိုင်ဖုန်း၁ လုံး၊  ဂြိုလ်တု ဖုန်း ၁ လုံးနှင့် တခြား စစ်အသုံးအဆောင်ပစ္စည်းများကိုလည်းကိုးကန့်ဘက်မှ သိမ်းဆည်း၇မိခဲ့သည်ဟုထိုသတင်းတွင်ဆိုထားသည်။



အောက်တိုဘာလ၁၄ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင်အရပ်သားတစ်ဦးကို ဖမ်းဆီးပြီး လမ်းပြအဖြစ်ခေါ်ယူကာ MNDAA တပ်စခန်းရှိရာကိုချဉ်းကမ်းလာသည့် အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်ကို ၅ မီတာခန့်အကွာအရောက်တွင် MNDAA က ပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ အကျအဆုံးများခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲမှာယင်းနေ့ ညနေ ၃ နာရီ ၅ မိနစ်တွင်ပြီးဆုံးခဲ့ဟုဖော်ပြထားပြီး စစ်ကောင်စီတပ်ဖွဲ့ အကျအဆုံး ရုပ်အလောင်းများကိုလည်းဗွီဒီယိုဖိုင်တကွနှင့် ဖော်ပြထားသည်။

တစ်ဘက်တွင်လည်းစစ်ကောင်စီက နေပြည်တော်တွင်တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA) လက်မှတ်ရေးထိုးသည့် (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ ကျင်းပနေချိန် တိုင်းရင်းသားဒေသများတွင်စစ်ရေးတင်းမာနေပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။(NN-14)

ပုံစာ- တိုက်ပွဲအတွင်း သိမ်းဆည်း၇မိသည့် လက်နက်ခဲယမ်းများ။ (Photo by - The Kokang)

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.