၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက် ညက သေနတ်သမားများ သတ်ဖြတ်သွားခဲ့သည့်မွတ်ဆလင် ခေါင်းဆောင် မူဟစ်အူလာ သတ်ဖြတ်ခံရမှုတွင် အဓိက စီစဉ်ခဲ့သူတစ်ဦးဖြစ်သည့် အာဆာအဖွဲ့တပ်မှူးတစ်ဦးကို ဘင်္ဂလားဒေ့ရှ် မှုခင်းရဲတပ်ဖွဲ့က လွန်ခဲ့သည့် တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံ၇သူမှာ အာဆာတပ်မှူးမှာ Nur Kamal (ခေါ်) Samiuddin ဖြစ်ပြီး ၎င်းအား ကော့စ်ဘဇားခရိုင်အိုကီးယားမြို့နယ် ကူတူပါလောင် မြန်မာမွတ်လင် ဒုက္ခသည်စခန်းမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းဘင်္ဂလာမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ (RAB) အမှတ်(၁၅) မှ အကြီးတန်းလက်ထောက်ညွှန်ကြားရေးမှူး (ဥပဒေနှင့် မီဒီယာ)တာဝန်ခံ Md Abu Salam Chowdhury ပြောကြားသည်။
ဖမ်းဆီးခံ၇သူ Samiuddin ထံမှ လက်ဝယ်ကိုင်ဆောင်ထားသည့် ပြည်တွင်းပြည်ပ လက်နက်များကိုသိမ်းဆည်း၇မိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
မူဟစ်အူလာ (Mohib Ullah) သည်ဒုက္ခသည် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင်လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း မှတ်တမ်းတင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်သည်။
၎င်းသည် အိုကီးယားရှိ ARSPH ရုံးတွင်၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက် ညတွင် သေနတ်သမားများက ပစ်သတ်ခြင်းကို ခံခဲ့၇သည်။ NN-30
Ref: Dhaka Tribune
ပုံစာ- ဘင်္ဂလားဒေ့ရှ်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ (RAB)