အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် နှစ်ရှည်အကျဉ်းကျခံနေ၇သည့် မြန်မာနိုင်ငံသား ၅၇ ဦးကို အိန္ဒိယနိုင်ငံ ပို့ဘလဲယား (Port Blair) ကျွန်းမှတဆင့်ယခုလ ၁၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိ၇သည်။
သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရ၏ အစီအစဉ်ဖြင့် ၎င်းသူများကို ပြန်လည် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
“ အောက်တိုဘာ ၁၉ ရက်နေ့မှာ အဆိုပါ မြန်မာအကျဉ်းသားတွေကို အိန္ဒိယ နိုင်ငံကနေ ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ ထောင်ဒဏ် ၂ နှစ်မှ ၁၀ နှစ်ထိ အကျဉ်းကျ ခံနေရသူတွေ ဖြစ်ပြီး သီတဂူအဖွဲ့က ခရီးစရိတ် ကျသင့်ငွေအားလုံး လှူဒါန်းပြီး နှစ် နိုင်ငံတာဝန်ရှိသူတွေရဲ့ အကူညီနဲ့ လွတ်မြောက်အောင် ဆောင်ရွက်ခဲ့တာပါ”ဟု Venerable AshinNyanissara ၏ လူမှူကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
၎င်းအကျဉ်းကျခံနေရသူအများစုမှာ ရေလုပ်သားများဖြစ်ကြပြီး အိန္ဒိယ ရေပြင်ပိုင်နက်တွင် ဝင်ရောက်ငါးဖမ်းစဉ် ဖမ်းဆီးခံရသူများနှင့် လှေပျက်ပြီး မျောပါသွားရာမှ ဖမ်းဆီးခံနေရသူများဖြစ်ကြောင်း သိ၇သည်။
အကျဉ်းသားများ မြန်မာနိုင်ငံသို့ပြန်ရောက်ရာတွ
သီတဂူဆရာတော်ကြီးနှင့်သီတဂူအဖွဲ့
ဓာတ်ပုံ - သီတဂူအောင်သန်းဝင်း