Preview

လားရှိုး-ချင်းရွှေဟော်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးအား MNDAA အရေးပေါ် ပိတ်လိုက်ပြီ

အောက်တိုဘာ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :1023
ပြည်တွင်း သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား လျက်ရှိပြီးလားရှိုး-ချင်းရွှေဟော်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးများကိုအောက်တိုဘာ ၂၇ နံနက် ၆ နာရီမှစတင်၍ အရေးပေါ်ပိတ်ပင်လိုက်ကြောင်းမြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA)က ကြေညာလိုက်သည်။

မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြုတ် တိုက်ခိုက်ချေမှုန်းရန်အတွက်လည်းကောင်း၊ လောက်ကိုင်မြို့နယ်ရှိ Online Game (ကျဖျင့်) ကုမ္ပဏီများကိုတိုက်ဖျက်ရှင်းလင်းရန်အတွက်လည်းကောင်း၊ ၎င်း OnlineGame (ကျဖျင့်)ကုမ္ပဏီများကိုအကာအကွယ်ပေးနေသော နောက်ကွယ်အင်အားစုတို့လားရှိုးမှတစ်ဆင့် စစ်အင်အားတိုးချဲ့လာမည်ကို ဟန့်တားရန်အတွက်လည်းကောင်းပြည်ထောင်စုလမ်းမကြီးများကို အရေးပေါ်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်းMNDAA ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြည်ထောင်စုလမ်းမကြီးကိုအရေးပေါ်ပိတ်ပင်ထားသောအချိန်ကာလအတွင်း၌ မိမိတို့၏ အသိပေးမှုကို မလိုက်နာဘဲဆက်လက်ဖြတ်သန်း သွားလာနေမည်ဆိုပါက ရန်သူ၏ သယ်ယူ ပို့ဆောင်ရေးယဉ်တန်းအဖြစ်အမှတ်ယူပြီး ပြင်းထန်စွာတိုက်ခိုက် ချေမှုန်းသွားမည်ဟု MNDAA က ဆိုသည်။

ပိတ်ထားချိန်အတွင်းမည်သည့်ယဉ်တန်းမှ မည်သည့်အကြောင်းပြချက်ဖြင့် ဖြတ်သန်းသွားလာခွင့် ပြုမည်မဟုတ်ကြောင်းနှင့်လမ်းမကြီး ပြန်ဖွင့် မည့်ရက်စွဲအား ထပ်မံအကြောင်းကြားသွားမည် ဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီဒေသခံတစ်ဦးက“ပြည်ထောင်စုလမ်းမကြီးကိုပိတ်လိုက်တာ။ လားရှိုးဆိုင်ရင်အေဒီဂိတ်ရှိတယ်လေ။ တိုးဂိတ် လားရှိုးဆိုလည်းဖြစ်နေတာ။ မနေ့ညကတည်းကကားတွေကို ဘယ်ဖက်မှ ပေးမသွားတော့ဘူး။ ချင်းရွှေဟော်ကို သွားတဲ့လမ်းကွတ်ခိုင် ဖက်ကလမ်းလည်း ပိတ်ထားတယ်။လောက်ကိုင်၊ ချင်းရွှေဟော်ဖက်ကိုသွားတဲ့လမ်းလည်း ပိတ်ထားပြီ။ အခုကျွန်မတို့မြို့ထဲမှာ ပစ်တာတွေလုပ်နေပြီ” ဟု နိရဥ္စရာသို့ပြောသည်။



ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင် တို့တွင် စစ်တပ်တပ်စွဲနေရာများအားလုံးကိုတော်လှန်ရေး တပ်ဖွဲ့များက တစ်ချိန်တည်းဝင်တိုက်နေကြောင်းဒေသတွင်းသတင်းများနှင့် ဒေသခံများထံမှ သိ၇သည်။

အောက်တိုဘာလ ၂ရရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်ပြီး စစ်ကောင်စီတပ်စခန်း၊ ရဲကင်းနဲ့တိုးဂိတ်တွေကို ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)နှင့်ပြည်သူ့ကာကွယ်တပ် (PDF) ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍နိရဥ္စရာက တအာင်းတပ်မတော် (TNLA)အားဆက်သွားမေးမြန်းရာခေါင်းဆောင်များအစည်းအဝေးလုပ်နေကြောင်းနှင့် ဖြေကြားခွင့်မရှိသေးကြောင်းအဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

သီန္နီမြို့ဒေသခံ အမျိူးသမီးတစ်ဦးက“စစ်တပ်ထဲကတစ်ယောက်ပြောတာက မနက်က ဒရုန်းနဲ့ လာပစ်တယ်ပေါ့။ကျွန်မတို့လည်း ကြားလိုက်တယ်။ ၅ လုံးလောက်ပစ်တာ။ ၄ လုံးကတော့သူတို့တပ်မထဲကိုဝင်သွားတယ်။ တစ်လုံးကတော့ ပန်ဆိုရွာဖက်ကိုကျတယ်။ အဲ့ကတည်းတောက်လျှောက်ပစ်နေတာ။ အခုကတော့ မြို့ထဲကို တော်လှန်ရေးစစ်သားတွေရောက်နေပြီ။အခု ချင်းရွှေဟော်ကို သိမ်းလိုက်ပြီလို့ပြောတယ်။ သီန္နီမြို့ တိုးဂိတ်အကျော်ပန်လော့မှာ အခုပစ်နေပြီ”ဟုနိရဉ္စရာ သို့ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊အထူးဒေသ ၁ နှင့် လောက်ကိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုအမြစ်ပြတ်တိုက်ခိုက်ချေမှုန်းရေး စတင်နေပြီဖြစ် ကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့ကအောက်တိုဘာလ ၂၇ ရက်တွင်ကြေညာထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာနစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက နံနက် ၄နာရီတွင် ဝင်ရောက် တိုက်ခိုက်သိမ်း ပိုက်လိုက်ကြောင်းလည်းဒေသတွင်းသတင်းများအရ သိရှိ၇သည်

အောက်တိုဘာလ ၂၆ရက်နေ့ တိုက်ပွဲများနှင့် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတိုက်ပွဲများတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရရှိကြောင်း၊လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ကိုးကန့် MNDAA က ထုတ်ပြန်ကြေညာထားသည်။

ဓာတ်ပုံ - MNDAA


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.