စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေး-ဒုတိယနေ့တွင် ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်က ရန်သူ့စခန်းတစ်ခုမကျန်ရှင်းလင်းနိုင်ခဲ့ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယနေ့ဖြစ်သည့် ယနေ့တွင် ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်၌ ကျန်ရှိနေသည့်ရန်သူ့ စခန်းတစ်ခုမကျန်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၈ ရက်၊နေ့လယ် ၂ နာရီအချိန်ဝန်းကျင်တွင် ယမန်နေ့ကကျန်ရှိနေခဲ့သည့် ရန်သူ့စခန်းတစ်ခုမကျန်ကိုရှင်းလင်းနိုင်ခဲ့သည်ဟုဆိုသည်။

၁၀၂၇ စစ်ဆင်ရေးဒုတိယနေ့တွင် ရန်သူ့စခန်း(၄)ခုထိထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ ရန်သူ့လေယာဉ်မှ လေထီးဖြင့် လာချပေးသော စစ်အသုံးအဆောင်ပစ္စည်း၊ ရိက္ခာထုပ် (၁၀) ထုပ်စလုံးအား  တစ်ခုမကျန်သိမ်းဆည်းရမိထားပြီဟု ထုတ်ပြန်သည်။


ချင်းရွှေဝေါ်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများအကုန်လုံးကျဆုံးသွားပြီဖြစ်ပြီး အဆိုပါစခန်းများအား ညီနောင်မဟာမိတ်များက ထိန်းချုပ်ထားပြီဟု ယနေ့ညနေ ၄ နာရီ၊ ၄၀ မိနစ်တွင်ထုတ်ပြန်ခြင်းဖြစ်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့သာမက မိမိတို့ စစ်ဆင်ရေးနှင့် ဟန်ချက်ညီလိုက်ပါ စစ်ဆင်ရေးဆင်နွှဲကြမည့် အဖွဲအစည်းများ နှင့်အတူတကွ သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟုဆိုသည်။(NN-23)

ဆက်စပ် သတင်းများ