အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

နေပြည်တော် ပျဉ်းမနားလက်ဖက်တောင်ရွာ တာဝါတိုင်စောင့် စစ်စခန်းကို PDF များ တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 613

နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာ အုပ်စု၊ လက်ဖက် တောင်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း  ကျားသံလုံးစစ်ကြောင်း - သံတောင် မြောက်ပိုင်းအထူးဒေသ တပ်ဖွဲ့မှ  အောက်တိုဘာ ၂၈ နေ့တွင်ထုတ်ပြန်သည်။

အဆိုပါ လက်ဖက်တောင်ရွာစခန်းသည် တာဝါတိုင်စောင့်သည်စခန်းဖြစ်ပြီးတွင်လက်နက်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ကျားသံလုံးစစ်ကြောင်း - သံတောင် မြောက်ပိုင်းအထူးဒေသ တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“လဘက်တောင်စခန်းက လဘက်တောင်ရွာရွာထိပ်က ဘုန်းကြီးကျောင်းဝန်းထဲမှာ စခန်းထိုင်တာ အစ်ကိုဝင်ပစ်ခဲ့တာ”ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် PDF တပ်ဖွဲ့ ဝင် တစ်ဦးမှနိရဉ္စရာ သို့ပြောသည်။


အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်း ၌ ပျဉ်းမနားမြို့နယ်၊ လက်ဖက်တောင် ကျေးရွာ၊ တာဝါတိုင်တွင် တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း ကို ကျားသံလုံးစစ်ကြောင်း သံတောင်မြောက်ပိုင်း အထူးတပ်ဖွဲ့နှင့် PDF တပ်ဖွဲ့ တို့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းကြောင်းသိရှိရသည်။

အာဏာသိမ်းစစ်တပ်ခေါင်းဆောင်များနေထိုင်သည့် နေပြည်တော်နှင့်မိုင်အနည်းငယ်သာ ကွာဝေးသည့် ပျဉ်းမနားမြို့နယ်အတွင်းက တောင်ပေါ်စစ်စခန်းများအားလည်း ဒေသခံကာကွယ်ရေး တပ် (PDF) များက သြဂုတ် ၁၀ ရက်ကစတင်ပြီး ၄ ရက်ကြာတိုက်ခိုက်ခဲ့ဖူးသည်။

သြဂုတ် ၁၀ ရက်တွင် ပျဉ်းမနားမြို့နယ် နယ်နိမိတ်အတွင်းမှ ဘို့မသံတောင် စခန်းကို  တော်လှန်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘို့မသံတောင်အနီးအနားရှိ နန်းလွင်စန်း၊ ဆိတ်ဖူးတောင်၊ ဘို့မအထက်၊ ဘို့မတဲစု၊ ရေပူတောင်မြင့် နှင့်တောင်မြင့်ရွာမ စသည့် ကျေးရွာများ အနီးတွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေး အဖွဲ့များ၏ ထုတ်ပြန်ချက် များအရသိရသည်။

ဓါတ်ပုံ  - ကျားသံလုံးစစ်ကြောင်း-သံတောင်မြောက်ပိုင်းအထူးဒေသ

ဆက်စပ် သတင်းများ