Preview

တက္ကသိုလ်လေ့ကျင့်ရေးတပ်(UTC)များ၌ စစ်သင်တန်းတက်ရောက်ဖူးသည့် ကျောင်းသား/သူများ၏ အချက်အလက်များကို စစ်ကောင်စီတောင်းခံ

နိုဝင်ဘာ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :1343
ပြည်တွင်း သတင်း

နိုင်ငံတော်လုံခြုံရေးအခြေအနေအ၇ဟုဆိုကာ  တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင်ဖွဲ့စည်းခဲ့သော တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC)များ၌ စစ်သင်တန်းတက်ရောက်ဖူးသည့် ကျောင်းသား/သူများ၏အချက်အလက်များကို စစ်ကောင်စီကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ရုံးသို့ ပေးပို့ရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

၎င်းစာရင်းကို တက္ကသိုလ်၊ဒီဂရီကောလိပ်၊ ကောလိပ်များအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁ရ)ရက်နေ့နောက်ဆုံးထားပေးပို့ရန် အကြောင်းကြားထားသည်ဟု သိ၇သည်။

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ တက္ကသိုလ်လေ့ကျင့်ရေး တပ်(UTC)များတွင်စစ်သင်တန်းတက်ရောက်ဖူးသည့် ၂၀၂၀ ပြည့်နှစ်မတိုင်မီအထိကျောင်းသား/သူများ၏ အချက်အလက်(အမည်၊ အသက်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ပညာအရည်အချင်း၊ လူမျိုး၊ ဘာသာ၊ ဆက်သွယ်ရန် အမြဲတမ်းလိပ်စာ)တို့ကိုပူးတွဲ(က)ပါ ပုံစံဖြင့် အဆင့်မြင့်ပညာဦးစီးဌာန(ရုံးချုပ်)၊နေပြည်တော်သို့ ပေးပို့၇မည်ဟု ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)(ဒေါက်တာသန်းသန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်) က စာရေးထုတ်ပြန်ရာတွင် ဖော်ပြထားသည်။


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.