တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

အမေရိကန် စီးပွားရေးပိတ်ဆို့မှုကြောင့် နောက်ထပ်မြန်မာဘဏ်တစ်ခုဖြစ်သည့် UAB ဘဏ်မှတစ်ဆင့် ငွေကြေးဆက်သွယ်မှု လုပ်ဆောင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရချိန်ဆနေ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကြောင့် မြန်မာနိုင်ငံရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဘဏ်( MICB) နှစ်ခုတို့နှင့် ငွေကြေးဆက်သွယ်မှု လုပ်ဆောင်ခြင်းမပြုရန် ပိတ်ပင်တားမြစ်ခံထားရပြီးနောက် ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံရှိ အခြားဘဏ်တစ်ခုနှင့် ငွေကြေးဆက်သွယ်မှုပြုလုပ်ရန် ချိန်ဆနေသည်ဟု သိရသည်။

အဆိုပါ ဘဏ်မှာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က စတင်ထူထောင်ခဲ့သည့် UAB ဘဏ်ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် Financial Express သတင်းစာက ရေးသားဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးဝန်ကြီးဌာသည် ဘင်္ဂလားဒေ့ရှ်ဘဏ်အား မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် ဆက်သွယ်ရန် တိုက်တွန်းထားပြီး သံရုံးက အဆိုပါ UAB ဘဏ်ကို ငွေကြေးလွှဲပြောင်းမှုပြုလုပ်ရန်အတွက် အဆိုပြုထားသည်ဟု ဆိုသည်။


ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အကြပ်အတည်းကာလတွင် မြန်မာနိုင်ငံမှ ကြက်သွန်များကို စောနိုင်သမျှစောစွာ တင်သွင်းလိုနေသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ နိုင်ငံတော်နှင့် ကာကွယ်ရေးဝန်ကြီးဌာနပိုင်( MFTB ) နှင့် ( MICB) ဘဏ် နှစ်ခုကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ပိတ်ဆို့အရေးခဲ့ပြီးနောက် အဆိုပါဘဏ်နှင့် ဆက်သွယ်နေသော ဘင်္ဂလားဒေ့ရှ် ဆိုနာလီဘဏ်သည်လည်း ငွေကြေးဆက်သွယ်မှုများ ရပ်ဆိုင်းခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဆိုနာလီဘဏ်သည် မြန်မာ MFTB. နှင့် MICB ဘဏ်များတွင် အပ်နှံငွေ ဒေါ်လာ ၁၇၀၀၀ နှင့် ဒေါ်လာ ၂၀၀၀၀၀ ရှိနေပြီး အဆိုပါငွေများကို ပြန်လည်ထုတ်ယူနိုင်ခြင်း လွှဲပြောင်းခြင်း မပြုလုပ်နိုင်ဘဲ ပိတ်ဆို့ခံထားရသည်ဟု သိရသည်။ NN-27

ref:Financial Express

 

ဆက်စပ် သတင်းများ