တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

MNDAA က မုံးကိုးခရိုင်၊ ပန်ဆိုင်းနယ်စပ်ဂိတ်ကို ပြန်လည်သိမ်းပိုက်ပြီး ကိုးကန့်ခရိုင်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုထပ်မံသိမ်းယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 425

နိုဝင်ဘာ ၁၉ ရက် ံနက်ပိုင်းတွင် MNDAA သည် အထူးဒေသ(၁) မုံးကိုးခရိုင် ပန်ဆိုင်းနယ်စပ်ဂိတ်ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး ကိုးကန့်ခရိုင် တာရွှေထန်အုပ်စု ၊ ရွှင်မာလင်နေရာရှိ စစ်ကောင်စီ တပ်စခန်းကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်(၁၀း၃၀) နာရီ တွင် MNDAAသည် လေကြောင်းပစ်ကူမှုဖြင့် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ တာရွှေထန်အုပ်စု ၊ ရွှင်မာလင်နေရာရှိစစ်ကောင်စီတပ်စခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး (၁၀း၅၀)နာရီဝန်းကျင်တွင် ‌အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပြီး မုံးကိုးခရိုင် ပန်ဆိုင်းနယ်စပ်ဂိတ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်ကာ နေ့လည်(၁၁း၄၆) နာရီတွင် အောင်မြင် စွာသိမ်းယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ကိုးကန့်(MNDAA)သည် ချင်းရွှေဟော် ၊ မုံးကိုးအပါအဝင် နယ်စပ်ဂိတ်‌ပေါက်(၃)ခုနှင့် နယ်စပ် လမ်းကြောင်းများကို ပြန်လည်သိမ်းပိုက်ထူထောင်နိုင်ခဲ့ပါသည်။

မဟာမိတ်တပ်ဖွဲ့တို့သည် ရက်ပေါင်း ၂၄ ရက်အတွင်း စစ်ကောင်စီ၏ တပ်စခန်း အကြီး အသေး စုစု‌ပေါင်း(၁၅၄)ခု အောင်မြင်စွာ သိမ်းပိုက်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ