Preview

ပစ်ချခံခဲ့ရသည့် စစ်ကောင်စီ လေယာဉ်မှ လေယာဥ်မှူးတစ်ဦးကို ဖမ်းမိဟု NUG ထုတ်ပြန်

နိုဝင်ဘာ ၂၀/ ၂၀၂၃ | ကြည့်ရှုသူ :7747
ပြည်တွင်း သတင်း

ပစ်ခတ်ခံ၇ပြီးနောက် ပျက်ကျသွားခဲ့သည့်စစ်ကောင်စီ လေယာဉ်မှ လေယာဉ်မှူး နှစ်ဦးအနက် လေယာဉ်မှူး(၁) ဦးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်၊ နေ့လယ် (၂) နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

အပြစ်မဲ့ပြည်သူလူထုအား ဗုံးကြဲ သတ်ဖြတ်နေသည့် စစ်ရာဇဝတ်သား စစ်လေယာဉ်မှူးဖြစ်သူဗိုလ်မှူး ခိုင်သန့်မိုး (စစ်တက္ကသိုလ် အပတ်စဥ် ၄၄) အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊နေပြည်တော် တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNDF နှင့် KA တပ်ဖွဲ့ဝင်များကဝိုင်းဝန်း ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်မှုကြောင့်ပျက်ကျ ခဲ့သည့် တရုတ်နိုင်ငံထုတ် K-8 အပေါ့စားတိုက်လေယာဉ်မှ လေယာဉ်မှူးနှစ်ဦးသည် လေထီးဖြင့် ခုန်ထွက်လျှက်ထွက်ပြေးပုန်းအောင်းနေခဲ့ရာမှ ဖမ်းဆီးမိခြင်းဖြစ်သည်။ 

 ၎င်းလေယာဉ်မှူးအား လုံခြုံရာသို့ ပို့ဆောင်ထားပြီဟု သိ၇သည်။

လေယာဥ်မောင်း၂ ဦး၏ လေထီးနှင့်အသုံးအဆောင်အချို့ကို ကရင်နီတပ်ပေါင်းစုက နိုဝင်ဘာ ၁၁ရက်တွင်တွေ့ရှိခဲ့ပြီးနောက် ပိတ်စိပ်တိုက်ရှာဖွေမှုများပြုလုပ်နေစဉ် ပထမလေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးကို ဖမ်းဆီး၇မိခြင်းဖြစ်သည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ၎င်းလေယာဉ်မှာ လေကျင့်ရေး လေယာဉ်ဖြစ်ပြီး ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့်သာပျက်ကျခဲ့ခြင်းဖြစ်ကြောင်းပြောဆိုထားသည်။(NN-30)


#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.