Preview

MNDAAက စခန်း ၄ ခုကို ဆက်လက်သိမ်းပိုက်ပြီးနောက် လောက်ကိုင်မြို့ သို့ ဦးတည်ချီတက်လာနေ

နိုဝင်ဘာ ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :1784
ပြည်တွင်း သတင်း

(မဟာမိတ်တပ်ဖွဲ့မှစစ်ဆင်ရေး ၂၉ ရက်မြောက်နေ့တွင် စစ်ကောင်စီ၏တပ်စခန်းအကြီးအသေး အနည်းဆုံးစုစုပေါင်း(၁၇၁)ခု သိမ်းပိုက်ရရှိပြီဟုဆို)

ကိုးကန့် MNDAAသည် ဆိုင်တာအိုင်တောင်ကုန်းအပါအဝင် စခန်း ၄ ခု ကိုသိမ်းပိုက်လိုက်ပြီးနောက် လောက်ကိုင်မြို့ သို့ဦးတည် ချီတက်လာနေပြီ ဖြစ်ကြောင်း ကိုးကန့်မီဒီယာတွင် သတင်းဖော်ပြသည်။

နိုဝင်ဘာလ၂၄ ရက်နေ့တွင် ကိုးကန့်ဒေသ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိစစ်ရေး စခန်း(၄)ခုကို သိမ်းယူနိုင်ခဲ့ကြောင်း သိမ်းယူနိုင်ခဲ့သည့် စခန်းများမှာ ကိုးကန့်တုန်းရှမ်းဒေသ ပါကျောက်ရွှေစခန်း၊ လွမ်းလောက်လင် တောင်ကုန်းရှိ စစ်ကောင်စီ တပ်စခန်း၊ ကိုးကန့်တုန်းရှမ်းဒေသ ဆိုင်တာအိုင် တောင်ကုန်းရှိ စစ်ကောင်၏ စခန်းနှင့် လောက်ပေါက်ကျိုင့်အနောက်တောင်ကုန်းမှစစ်ကောင်စီအခြေချနေထိုင်သော ပေထန်တပ်စခန်းတို့ဖြစ်ကြသည်။


ကိုးကန့်တုန်းရှမ်းဒေသ လောက်ကိုင်တုန်းချိန်ပြင်ပတစ်ဝိုက် ရှိ  ဆိုင်တာအိုင်တောင်ကုန်းရှိ စခန်းသည် 

စစ်ကောင်စီ၏လောက်ကိုင်ဒေသတွင်အခြေချသောနောက်ဆုံးတောင်ကုန်း (High Point)တစ်ခု ဖြစ်ပြီး လက်ရှိ MNDAA၏ စစ်ဆင်ရေးသည်လည်း လောက်ကိုင်ဒေသဘက်သို့ဦးတည်လာနေကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း  ၆၀ မမ စိန်ပြောင်း (၂)လက် ၊ (၈၄ မမ)နောက်ကန်အားမဲ့အမြောက်(၁)လက် ၊ စက်သေနက် အကြီး(၂)လက် ၊ ရိုင်ဖယ်(၃)လက် ၊ပီစတို(၁)လက် ၊ မိုင်းထောက်စက်(၁)စက်နှင့် ၆၀မမကျည်များ ၊ ဟောင်ဝီဇာ အမြောက်ကျည် ၊လက်ပစ်ဗုံးအမျိုးမျိုး နှင့် ကျည်ဆံများ စသည့်စစ်ပစ္စည်းများနှင့် ကွန်ဗျူတာတစ်လုံး ၊ မြင်းနှင့် မြည်း(၁၅)ကောင် တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။


နိုဝင်ဘာ ၂၃ ရက်နှင့်၂၄ ရက် နှစ်ရက်အတွင်းMNDAAနှင့်စစ်ကောင်စီတပ်ဖွဲ့တို့သည် တိုက်ပွဲ များဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊  နိုဝင်ဘာ ၂၃ ရက်က ကိုးကန့်တုန်းရှမ်းဒေသ ရှိဟူတောင်စခန်းကို သိမ်းပိုက်စဉ်တွင် စစ်ကောင်စီ၏လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

မဟာမိတ်တပ်ဖွဲ့သည်  စစ်ကောင်စီ၏တပ်စခန်းအကြီးအသေး အနည်းဆုံးစုစုပေါင်း(၁၇၁)ခု သိမ်းပိုက်ရရှိပြီး အခြားစစ်ကြောင်းများတွင်လည်းစစ်အောင်ပွဲသတင်းကောင်းများ ရရှိနေသည်ဟုဆိုသည်။

#တိုက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.