တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိပြီး ဒီဇင်ဘာ ၃ ရက်နေ့တွင် ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်နိုင်


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၂၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

(ရခိုင်တောင်သူလယ်သမားများစပါးများကို နိုင်သလောက် အမြန်ရိတ်သိမ်းရန် အကြံပြု)

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် မနက်ဖြန် နိုဝင်ဘာလ ၂၇ ရက်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နိုဝင်ဘာ ၂၉ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုလည်း မိုး/ဇလက ယနေ့ နိုဝင်ဘာလ (၂၆)ရက်၊ နံနက် နာရီအချိန် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ (၂၉.၁၁.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ ဒီဇင်ဘာ ရက်၊ ညနေပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်အနီးသို့ ဦးတည် ရွေ့လျားမည်ဖြစ်ပြီး ဒီဇင်ဘာ ရက်တွင် ကုန်းတွင်းကို စတင်ဖြတ်ကျော် ဝင်ရောက်မည်ဟုလည်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ထားသည်။

ဦးဝင်းနိုင်က "ဒီဇင်ဘာ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီးတဲ့အခါ မြစ်ဝကျွန်းပေါ်ကမ်းနီးကမ်းဝေးပင်လယ်ပြင်တွေမှာ လှိုင်းအမြင့် ပေ အထိရှိနိုင်ပြီး၊ လေတိုက်နှုန်းက တနာရီ မိုင် ၃၀ နီးပါး(28 knots)ရှိပါမယ်။ ရခိုင်ကမ်းရိုးတန်းဘက်မှာ လှိုင်းလေ ပိုကြမ်းနိုင်ပါမယ်။ လိုအပ်ရင် ကမ်းခြေကို ပြန်ဝင်ကြပြီး မုန်တိုင်းအန္တရာယ်မှ ရှောင်နိုင်ဘို့အချိန် တစ်ပတ် ရပါသေးတယ်"ဟု ဆိုထားသည်။

လက်ရှိအချိန်သည် စပါးများရိတ်သိမ်းချိန်ဖြစ်နေသော်လည်း ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် လယ်သမား အများစုတွင် စပါးရိတ်သိမ်းရန်အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

အခက်အခဲအမျိုးမျိုးကြားမှ ရိတ်သိမ်းရန် ကြိုးစားပြင်ဆင်နေကြစဥ်တွင်လည်း ယခုကဲ့သို့ မုန်တိုင်းဖြစ်ပေါ်မည်ဆို၍ မှည့်ဝင်းနေသည့်စပါးများ ပျက်စီး ဆုံးရှုံးမည်ကိုလည်း လယ်သမားများ စိုးရိမ်နေကြသည်။

စစ်ပွဲဧရိယာတွင်ပါဝင်သည့် ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးက "လယ်သမားတွေဘဝက တိုင်းပြည်က ပျက်၊ မိုးကဖျက်ဆိုသလိုဖြစ်နေပြီ။ ဒီလောက် တိုက်ပွဲတွေကြားက ရိတ်ဖို့ပြင်နေချိန် မုန်တိုင်းက လာဦးမှာဆိုတော့ ကျနော်တို့အတွက် ပျက်စီးဆုံးရှုံးမှု ရှိနိုင်ပါတယ်"ဟု ပြောသည်။

လက်ရှိ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်ဟု မိုး/ဇလက ဆိုသည်။

ပြီးခဲ့သည့်အပတ် နိုဝင်ဘာ ၁၇ ရက်ကလည်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်ခဲ့သေးသည်။

ထိုမုန်တိုင်းငယ်သည် နိုဝင်ဘာ ၁၈ ရက်တွင် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းကို လေတိုက်နှုန်း တစ်နာရီ ၆၅ ကီလိုမီတာနှင် ၇၅ ကီလိုမီတာအကြားဖြင့် ဖြတ်ကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းမုန်တိုင်းအရှိန်ကြောင့်လည် ရခိုင်ပြည်နယ်အတွင်း နေရာအနှံ့အပြားတွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး ရိတ်သိမ်းရန်အဆင်သင့်ဖြစ်နေသည့် စပါးပင်များ လဲပြိုပျက်စီးသွားခဲ့သည်ဟု သိရသည်။ (NN-16)

Photo - U Win Naing

ဆက်စပ် သတင်းများ