စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ချင်းပြည် မတူပီ-မင်းတပ်တိုက်ပွဲ စစ်ကောင်စီဗိုလ်ကြီးတစ်ဦးအပါအဝင် ၇ ဦးကျဆုံး


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 634

(မတူပီမြို့မရဲစခန်းမှ ရဲပ်ကြပ် သေနတ်နှင့်အတူ လက်နက်ချ၍ ကျပ်သိန်း (၅၀) ချီးမြင့်ခံရ)

၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ (၁)ရက်နေ့ မနက် (၉)နာရီ ခန့်တွင် မတူပီ-မင်းတပ်လမ်း စစ်တပ် ကာကင်း ကုန်စခန်းအား ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၇ ဦးကျဆုံးပြီး လက်နက်များလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

 

သေဆုံးသွားသူဗိုလ်ကြီးမှာ  ဖြိုးမင်းထက်ဖြစ်ပြီး သူအပါအဝင် (၇)ဦး သေဆုံးခဲ့ကာ MA-3 (၂)လက်၊ MA-5 Pistol (၁)လက် ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊  ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူမီမှ အထိအခိုက်မရှိ ကျန်းမာစွာ ပြန်လည်ဆွတ်ခွာနိုင်ခဲ့ကြောင်ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

၎င်းပြင် နိုဝင်ဘာလ (၃၀) ရက်နေ့ တွင် မတူပီမြို့ပေါ် မြို့မရဲစခန်းမှ ဦး ရန်ရှင်းအောင် တပ်ကြပ် ၊ ကိုယ်ပိုင်အမှတ် လ/လ၂၅၀၂၈၆၊ G-3 (၁)လက်၊ ကျည်ဘောက် (၂) ခု၊ ကျည်ဆံ (၁၀၄)တောင့် အားယူဆောင်လာကာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ ထံသို့ CDM ပြုလုပ်လာခဲ့သည်ဟု သိရသည်။



ပြည်သူနှင့်အတူ ပူးပေါင်းလာသော ဦး ရန်ရှင်းအောင် မိသားစုအား ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီ မှ ဂတိခံထားသည့်အတိုင်း ဆုငွေ ကျပ်သိန်း (၅၀) အား ချီးမြင့်နိုင်ခဲ့သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက သတင်းထုတ်ပြန်သည်။

 

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက မတူပီမြို့နယ်ရှိ စကစများနှင့် ရဲသားများ ၎င်းတို့နှင့် အမြန်ဆုံး ပူးပေါင်းပေးပါရန် နောက်ဆုံးအကြိမ် ဖိတ်ခေါ်အပ်ထားပြီး  လက်နက်ချ ပူးပေါင်းလိုသူများသည် + ၉၁၈၇၉၈၁၆၈၄၈၄ နှင့် ၀၉၄၀၁၆၈၅၁၁၈  ဆက်သွယ်ရန် ထုတ်ပြန်ထားသည်။ (NN-30)

ဆက်စပ် သတင်းများ