ကုန်းကြမ်းတွင်အမြဲတမ်းတပ်စွဲထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလ၇(၁၂၅) ၊ စကခ(၁၂ ၊၁၆)မှ အဖွဲ့ဝင်အချို့မှာ လက်နက်ချအလင်းဝင်လာခဲ့သော်လည်း စကခ(၁၆)မှူးအပါအဝင် အကြွင်းအကျန်အဖွဲ့ဝင်အချို့မှာ လက်နက်မချဘဲထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။
ကုန်းကြမ်းမှထွက်ပြေးလာသူများကို MNDAA မှ ဝန်းရံပိတ်ဆို့ချေမှုန်းရန် ကြိုးစားခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် MNDAA၏ လိုက်လံပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အကြွင်းအကျန် အဖွဲ့ဝင်(၂၈၀)ကျော်သည် ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု ၊၀ကြည်ကျိုင့်ရွာ နှင့် စူကြာကျိုင့်ရွာကြားရှိတောင်ကုန်းအောက်ခြေသို့ စုစည်းပုန်းအောင်းလာခဲ့ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြသည်။
နိုဝင်ဘာလ၃၀ ရက်နေ့ နံနက် (၁၁း၁၀)နာရီခန့်တွင် MNDAA မှ ၎င်းနေရာတွင် စုစည်းပုန်းအောင်း နေသော စစ်ကောင်စီအကြွင်းအကျန်အဖွဲ့ဝင်ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ၁ ရက်နေ့နံနက်ပိုင်း MNDAA မှစစ်နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် စစ်ကောင်စီဘက်မှပစ်သတ်ချေမှုန်းခံ၇သောအလောင်း (၂၀)လောင်းတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထိုနေ့ညနေပိုင်းတွင်MNDAA မှ၎င်းအကြွင်း အကျန်အဖွဲ့ဝင်များကို ထပ်မံလိုက်လံပစ်ခတ်ပြီး စစ်ကောင်စီတပ်သားအလောင်း(၇၀)ကျော်ကိုထပ်မံချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း(၄)ယောက် ဖမ်းဆီးရရှိခဲ့သည်။
၎င်းပြင်လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိပြီး သိမ်းဆည်းရရှိသောပစ္စည်းများထဲတွင်မူးယစ်ဆေးဝါးစိတ်ကြွ ဆေးပြားများလည်းပါရှိနေပါသည်။