Preview

မုန်းမြို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ဒီဇင်ဘာ ၀၅/ ၂၀၂၃ | ကြည့်ရှုသူ :1091
ပြည်တွင်း သတင်း

( စကစဘက်မှတပ်ရင်းမှူးအဆင့်အပါအဝင် အများအပြား လက်နက်ချ အညံ့ခံ)

ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မုန်းမြို့ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှဒီဇင်ဘာလ (၄) ရက်နေ့ ညနေ သိမ်းပိုက်ရရှိခဲ့သည်ဟု  KNUက သတင်း ထုတ်ပြန်သည်။

 ၎င်းမုန်းမြို့သည် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ တပ်မဟာ (၃)နယ်မြေတွင် တည်ရှိသည်။

 

မုန်းမြို့ရှိ စစ်ကောင်စီတပ်၏ ခမ၇−၅၉၉၊ ခမ၇−၅၉၀၊မုန်းမြို့မ ရဲစခန်းနှင့် တံတားထိပ်ဂိတ် စခန်းတို့အားဒီဇင်ဘာလ (၂) ရက်နေ့ ည (၁၁း၄၀) အချိန်မှစတင်တိုက် ခိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ (၄)ရက်နေ့ ညနေ (၅:၃၀) မိနစ်အချိန်တွင် ထိုစခန်းများအားလုံးကို သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

 

ထိုစခန်းများအားတိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အဆင့်အပါအဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့သည်။



 

လက်ရှိတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်အင်အား (၁၅၀၀)ခန့်ဖြင့်နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများအား ဆက်လက် လုပ်ဆောင်လျှက်ရှိသည်ဟု သိ၇သည်။

 

ထိုစခန်းများရှိအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်သူလူထုများအား ပစ်မှတ်ထားပြီးပြည်သူလူထုများနေထိုင်သော ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်သောလုပ်ငန်းခွင် များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကိုမကြာခဏပြုလုပ်လျှက် ရှိသောကြောင့် ပြည်သူလူထု အမြောက်အများထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ကာ လုပ်ငန်းခွင်များအတွင်းသို့ သွားရောက်လုပ်ကိုင်နိုင်ရန်အခက်အခဲများဖြစ်ခဲ့၇သည်ဟုဆိုသည်။



 

ထိုကြောင့်မိမိတို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ပြည်သူလူထုများ၏ သဘောဆန္ဒနှင့် အညီ ထိုတပ်စခန်းများအား တိုက်ခိုက်ချေမှုန်း၇ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ (  NN-30)

 

(ဓာတ်ပုံ- လက်နက်ချသော စစ်သားများနှင့် မိသားစုများကို တွေ့၇စဉ် (NUG)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.