Preview

စစ်ကောင်စီက လေကြောင်းမှ ပြန်လည်တိုက်ခိုက်လာသဖြင့် ကိုးကန့်ဒေသတွင် တိုက်ပွဲများပြန်လည် ဖြစ်ပွား

ဒီဇင်ဘာ ၂၀/ ၂၀၂၃ | ကြည့်ရှုသူ :5146
ပြည်တွင်း သတင်း

ဒီဇင်ဘာလ၁၀ ရက်နေ့ညနေပိုင်းမှစပြီး ကိုးကန့်ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ ပြေလျော့လာခဲ့သော်လည်း ဒီဇင်ဘာလ ၁၈ ရက်နေ့ညနေပိုင်းအချိန်တွင်စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် MNDAA  ခံတပ်ကိုသုံးကြိမ် တိုင်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်လာခဲ့သဖြင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

ဒီဇင်ဘာ ၁၈  ရက်နေ့တွင်  နှစ်ဦးနှစ်ဖက်မှကိုးကန့်လောက်ရှမ့်ထန်နေရာတကြောတွင် တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့သည်ဟု  TheKokang မီဒီယာက သတင်းဖော်ပြသည်။

စစ်ကောင်စီသည်ကိုးကန့်လောက်ရှမ့်ထန်နေရာရှိ MNDAA၏ခံတပ်ကို ဒီဇင်ဘာ ၁၈ရက် ညက စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကြောင်း၊ ညနေပိုင်းတွင် စစ်ကောင်စီသည်ကွမ်ရင်ရှမ် (တရုတ်ဘုံကျောင်း) နှင့် ဖီဖာရွှေနေရာမှနေ၍ MNDAA၏ခံတပ်ကို လက်နက်ကြီးများဖြင့်လည်း  ပစ်ခတ်တိုက်ခိုက်လာခဲ့ကြောင်း၊   ညအချိန်တွင်လေကြောင်းဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး ညနေ ၆နာရီ ၂၄ မိနစ်မှရ နာရီ ၄၀ မိနစ်အချိန် အတောအတွင်း စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် MNDAA၏ခံတပ်ကိုသုံးကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ဒီဇင်ဘာ ၁၉ ရက် နေ့လယ်တွင် စစ်ကောင်စီ၏ ရန်စပစ်ခတ်တိုက်ခိုက်မှုများကြောင့်  MNDAA အနေဖြင့်  ခုခံတုန့်ပြန်တိုက်ခိုက်လာရသဖြင့်  ကိုးကန့်လောက်ရှမ့်ထန်နေရာတကြောတွင် နှစ်ဘက်တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကာနေ့လယ် အချိန်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲရှိသည်ဟု သတင်းတွင်ဖော်ပြသည်။

ရုပ်သံ- စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်နေသည်ကို မြင်တွေ့၇စဉ်( ကိုးကန့်မီဒီယာ)

#စစ်ကောင်စီ#လေကြောင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.