စစ်ဆင်ရေးနောက်ပိုင်းစစ်ကောင်စီက ၇ခိုင်အပါအဝင် စစ်မျက်နှာများတွင် ဂျက်ဖိုက်တာ၊ရဟတ်ယာဥ်များနှင့် တိုက်ခိုက်မှုအပြင်တရုတ်ထုတ် Y-12 အပေါ့စားသယ်ပို့လေယာဥ်များဖြင့်ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၀ အထက်ပြုလုပ်ခဲ့ကြောင်းလေကြောင်းစောင့်ကြည့်ရေးအဖွဲ့ Enemy Air Route (EAR) ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည်အဆိုပါတရုတ်ထုတ် Y-12 လေယာဥ်ဖြင့် နိုဝင်ဘာလ ၂၀ ရက်မှ ဒီဇင်ဘာလ၃ ရက်အထိ ရှမ်းမြောက်၊ရခိုင်၊ ကရင်၊ကရင်နီ၊ ချင်း၊စစ်ကိုင်း စစ်ရေးနယ်မြေများတွင်လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၀အထိပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုအကြိမ်၂၀ အတွင်း Y-12 လေယာဥ်များမှ တစ်ကြိမ်လျှင်ဗုံး ၄ လုံးမှ ၄၅ လုံးအထိ ကြဲချခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီကY-12 လေယာဥ်များကိုလေ့ကျင့်ရေး၊ သယ်ယူပိုဆောင်ရေး၊လေထီးခုန် လေ့ကျင့်ရေးနေရာများတွင်အများဆုံးအသုံးပြုခဲ့ပြီး ယခုကာလတွင်မူ လေကြောင်းတိုက်ခိုက်ရေး အတွက်ပါအသုံးပြုလာခြင်းဖြစ်ကြောင်း EAR ထုတ်ပြန်ချက်ကဆိုသည်။
အဆိုပါY-12 လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများက ပစ်မှတ်ကို သေချာချိန်ရွယ်ကြဲချခြင်း မဟုတ်သည့်အတွက် ထိရောက်မှုအားနည်မည်ဖြစ်သော်လည်း ယခုအချိန်တွင်စစ်ကောင်စီက အရပ်သားပစ်မှတ်များကိုပါ အဓိကဗုံးကြဲ တိုက်ခိုက်နေသည့်အတွက် သတိလက်လွတ်ပေါ့ဆ၍ မ၇ကြောင်းEAR ကသတိပေးထားသည်။
Y-12 လေယာဥ်များမိမိနေထိုင်ရာပတ်ဝန်းကျင်သို့ ရောက်လာသည်နှင့်အရပ်သားများအနေဖြင့် အလုံခြုံဆုံး နေရာများဖြစ်သည့် ဗုံးခိုကျင်း၊ကတုတ်ကျင်းများတွင်ပုန်းအောင်းနေရန်နှင့် ဂျက်ဖိုက်တာလောက် မမြန်သည့်အတွက်လေယာဥ်လာလျှင် ကြိုတင်ပြင်ဆင်ချိန် ပိုမိုရရှိကြောင်း ဆိုသည်။
Y-12 လေယာဥ်များမှာရုတ်နိုင်ငံပိုင်Harbin Aircraft Industry Group မှ ထုတ်လုပ်သည့် အင်ဂျင်နှစ်လုံးတပ်အပေါ့စားဘက်စုံသုံးသယ်ယူပို့ဆောင်ရေး လေယာဥ်အမျိုးဖြစ်ကြောင်းဖော်ပြထားသည်။
Y-12 လေယာဥ်များ၏အားသာချက်အနေဖြင့်မိုင် ၈၀၀ အကွာအဝေးထိပျံနိုင်ပြီး လေထဲတွင်၅ နာရီကျော်ကြာအောင် ပျံသန်းနိုင်ခြင်း၊ကိုယ်ထည်သေးငယ်ပြီး ပြေးလမ်းတိုတိုသာလိုအပ်၍လေယာဥ်ကွင်းမရွေးဘဲတက်ဆင်းနိုင်ခြင်းတို့ ဖြစ်ကြောင်းEAR ကဆိုသည်။
အားနည်းချက်များအနေဖြင့်လေယာဥ်ပျံသေးငယ်ပြီး အင်ဂျင်ပါဝါအားနည်းသည့်အတွက် အလေးချိန်(လူ၊လက်နက်) များများမတင်သည့်အပြင်၊ တိုက်ခိုက်ရေးအတွက် ထုတ်လုပ်ထားခြင်းမဟုတ်၍ဂျက်ဖိုက်တာများကဲ့သို့ အမြင့်ပေများများအရှိန်မြန်မြန်တက်ခြင်း၊ အရှိန်မြန်မြန်မောင်းခြင်း၊လမ်းကြောင်းအမြန်ပြောင်းခြင်းတို့ပြူလုပ်မ၇ဟု ဆိုသည်။
စစ်ကောင်စီကတိုက်ခိုက်ရေးအတွက်အသုံးပြုလာသည့် Y-12 လေယာဥ်များမှာ ပေ(၅၀)အရှည်ဝန်းကျင်ရှိပြီးလေယာဥ်ပျံကိုယ်ထည်လေးထောင့်ဆန်ဆန်ရှိကြောင်း၊ တောင်ပံအောက်တွင်ပန်ကာတစ်ဖက်တစ်လုံးစီပါပြီးဘီးအတင်အချလုပ်၍မ၇ကြောင်း၊ လေယာဥ်အသံမှာယင်ကောင်အသံကဲ့သို့တဝီဝီမြည်ကြောင်း EAR ၏ထုတ်ပြန်ချက်ကဆိုသည်။
EAR ကရရှိထားသည့်မြေပြင်အချက်အလက်များနှင့် တပ်တွင်းသတင်းရင်းမြစ်များအ၇ Y-12 လေယာဥ်ပေါ်တွင်ဗုံးသီးများကိုတင်ဆောင်ပြီး လေယာဥ်၏အနောက်ဘေးတံခါးကိုဖွင့်ကာကြဲချနေကြောင်းလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်လက်ရှိစစ်ကောင်စီက တိုက်ခိုက်ရေးအသုံးပြုနေသည့် Y-12 လေယာဥ်၆ စီးရှိပြီး မှော်ဘီ၊မကွေး၊နေပြည်တော်၊ မုံရွာနမခ ၊ မော်လမြိုင်၇တခနှင့်တောင်ငူလေဆိပ်၊ လေတပ်များမှ တက်ဆင်းပျံသန်းမှုများ ပြုလုပ်နေသည်ဟုဆိုသည်။(NN-23)