ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

ပဲခူးတိုင်းတွင် စစ်ကောင်စီ၏ တပ်စခန်း ၃ ခုအား KNLA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်


  • ရေးသူ: Web Master (NN 25)
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းတွင် စစ်ကောင်စီ၏ တပ်စခန်း ၃ ခုအား ကရင့်အမျိုးသားတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့မှ ဒီဇင်ဘာ ၂၆ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်ဟု ယနေ့တွင် KNU မှ ထုတ်ပြန်ထားသည်။

၎င်းတပ်စခန်း ၃ ခုမှာ လည်ပတ်တပ်စခန်း၊ အုန်းနဲပင်တပ်စခန်းနှင့် နရွဲပင်တပ်စခန်းတို့ဖြစ်ပြီး ယမန်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တပ်စခန်း ၃ ခုကို သိမ်းပိုက်ချိန်တွင်  စစ်ကောင်စီဘက်မှ တပ်သား ၂၀ ဦး သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၉ လက် အပါ လက်နက်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။


ထိုတိုက်ပွဲအတွင်း KNLA ၊ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ကျဆုံးမှု ရှိခဲ့သည်။

လက်ရှိတွင် နတ်သံကွင်း တပ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်နေကြောင်း KNU က ယနေ့ဒီဇင်ဘာ ၂၇ ရက် နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ နတ်သံကွင်း တပ်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများ ဖြစ်ပွားနေချိန် စစ်ကောင်စီက လေကြောင်းဖြင့် စစ်ကူပစ်ခတ်နေသည်ဟု ဖော်ပြထားသည်။(NN-25)

ပုံစာ - စစ်ကောင်စီတပ်၏ ကျီးပင်ပေါက်တပ်စခန်းနှင့် လည်ပတ်တပ်စခန်းတို့အား တက်ရောက်ရှင်းလင်းစဉ် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့။( KNU )

ဆက်စပ် သတင်းများ