ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

နမ္မတူမြို့ကို TNLA တိုက်ခိုက် သိမ်းပိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 617

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(၃၂၄) ကို တအာင်းတပ်မတော်(PSLF/TNLA) က ၂ ရက်အတွင်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်ဟု သတင်းရရှိသည်။

၎င်းတပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်က စတင်ပြီး  TNLA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်၊ ဂျက်လေယာဉ်နှင့်  Y-12 လေယာဥ်များဖြင့် အပြင်းအထန် ခုခံကာကွယ်နေသည့်ကြားထဲက ၂ ရက်အကြာ ယနေ့ဒီဇင်ဘာ ၂၈ ရက် နံနက်အစောပိုင်း ၄ နာရီဝန်းကျင်တွင်  အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိတွင်  နမ္မတူမြို့တစ်ခုလုံးမှာ  တအာင်းတပ်မတော်၏ ထိန်းချုပ်အောက်သို့  အလုံးစုံ ရောက်သွားပြီ ဖြစ်သည်ဟုဆိုသည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး နေအိမ်တချို့မှာ လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည်။

နမ္မတူမြို့သည်  ကမ္ဘာကျော်ဘော်တွင်းသတ္ထုတည်ရှိရာမြို့ဖြစ်ပြီး သမိုင်းဝင်မြို့လည်းဖြစ်ကြောင်း သိရှိရသည်။

သတင်းရင်းမြစ်နှင့် ဓာတ်ပုံ- Shwe Phee Myay News Agency

ဆက်စပ် သတင်းများ