သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

စစ်ရဟတ်ယာဉ်တစ်စီး KIA ပစ်ချ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

မြစ်ကြီးနား- လိုင်ဇာလမ်း လိုင်စင်ဘွမ်ဘက်ရှိ နာဖော့( Nahpaw ) နှင့်  ကကမ် ( Kagam) တောင် စစ်တပ်စခန်းဆီသို့ ဆင်းလာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပစ်ချလိုက်ကြောင်း ကနဦးသတင်းရရှိသည်ဟု  Kachin News group ( KNG) ကသတင်းဖော်ပြသည်။

၎င်းရဟတ်ယာဉ်မှာ ယနေ့နံနက် အစောပိုင်း မြစ်ကြီးနားဘက်ကနေ တက်လာသည့် စစ်ရဟတ်ယာဉ်ဖြစ်သည်ဟု စုံစမ်းသိရှိရကြောင်း ၎င်းသတင်းနကဖော်ပြသည်။ 

၎င်း ရဟတ်ယာဉ်ကို KIA မှ ယနေ့နံနက်ပိုင်းက ပစ်ခတ်ခဲ့၍ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများနှင့် ရှေ့တန်းမြေပြင်နှင့် နီးစပ်သူများက ပြောသည်ဟု Kachinwaves  တွင်လည်း သတင်းဖော်ပြသည်။

ဝိုင်းမော်မြို့နယ် နာဖေါ့စစ်ကောင်စီတပ်စခန်းသို့ ဦးတည်ပျံသန်းလာသည့် စစ်ရဟတ်ယာဉ်အား ပစ်ခတ်ခဲ့ရာ မီးလောင်ပျက်စီးပြီး ပျက်ကျသွားသည့် ဗီဒီယိုမှတ်တမ်းလည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာသည်ဟု ၎င်းသတင်းဌာနက ဆိုထားသည်။  

ဆက်စပ် သတင်းများ