ရန်ကုန်မြို့တွင် ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီခွဲလောက်က တိုက်အမိုးတစ်ခုပေါ်တွင် လင်းတငှက် အကောင် ၅၀ ကျော် လာရောက်နားခဲ့ရာ ယင်းသို့ လာရောက်နားသည်မှာ နိမိတ်မကောင်းဟုဆိုကာ လူတချို့က ရိုက်သတ်လိုက်၍ ၃ ကောင်သေဆုံးသွားကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ သေဆုံးသွားကြောင်းကို ResponsibleAnimal Keeping လူမှုကွန်ယက်စာမျက်နာပေါ်တွင်ရေးသားဖော်ပြထားသည်။
“ ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံကို တရုတ်၊ တိဘတ်၊ ဟိမဝန္တာ၊ မွန်ဂိုလီယား၊ အိန္ဒိယ ဘက်ကနေ အလည်လာပြီး ဆောင်းခိုကြတဲ့ ကောင်တွေပါ။ စိတ်မကောင်းစရာက ဒါကို နိမိတ်မကောင်းဘူးတို့ ဘာတို့နဲ့အတွေးမှားတွေကြောင့် ရိုက်သတ်လိုက်ကြတာ ၃ကောင်သေပြီလို့သိ၇ပါတယ်”.ဟု ဖော်ပြထားသည်။
ယင်းနောက် ၎င်းငှက်အုပ် အကောင်ရေ၅၀ ကျော်မှာအုပ်စုကွဲပြီး ပျံသွားကြသည်ဟု ဆိုသည်။
အဆိုပါ သတင်းအား DVB ကသတင်းဖော်ပြရာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ရတနာနှင်းဆီအိမ်ရာ တိုက်အမိုးပေါ်မှာ ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီခွဲလောက်ကဆောင်းခိုလင်းတငှက်အကောင် ၅၀ ကျော် လာရောက်နားခဲ့ရာ လေးဂွဖြင့်ပစ်ခတ်ခံ၇ပြီး ၃ ကောင်သေဆုံးသွားကြောင်း သတင်းရရှိသည်ဟု ဖော်ပြထားသည်။
အိမ်ရာနေထိုင်သူများက လာနားနေသည့် လင်းတငှက်များကို မောင်းထုတ်ခိုင်းသောကြောင့်လုံခြုံရေးအစောင့်များကညနေ ၆ နာရီကျော်လောက်တွင် လေးခွနှင့် ပစ်ခတ်ခြောက်လှန့်ခဲ့ကြပြီး ပျံပြေးလာသည့် လင်းတများကို ရပ်ကွက်နေသူတချို့ကထပ်မံ ရိုက်နှက်ခဲ့ကြသည်ဟု ဖော်ပြထားသည်။
(ဓာတ်ပုံ- Responsible Animal Keeping )