ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

စစ်ကောင်စီရေတပ်ဦးစီးချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ အနားပေးခံရ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

စစ်ကောင်စီရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်မျိုးမင်းထွန်းတို့ အနားပေးခံရကြောင်း စစ်ဘက်ဆိုင်ရာသတင်းရပ်ကွက်များအရ သိရှိရသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်ကို အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်ပြီး ၎င်းနေရာကို စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဖြင့် အစားထိုး တာဝန်ပေးလိုက်သည်ဟု သိရသည်။

အလားတူ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း ကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်ပြီး ၎င်းနေရာတွင်  စစ်ကောင်စီ ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဇော်မင်းလတ်အား အစားထိုး ခန့်အပ်လိုက်သည်ဟု သိရသည်။

ထို့နောက် တပ်မချုပ်(၂၂)မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ကျော်စိုးလင်းကို တပ်မချုပ်(၆၆) တပ်မမှူးအဖြစ် ရာထူးတိုး ခန့်အပ် တာဝန်ပေးလိုက်သလို စကခ(၈) ဒုစကမှူးကို တပ်မ ၅၅ တပ်မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

ဓာတ်ပုံ- ဧရာ၀တီ

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!