Preview
Preview
Preview

ဟိုပန်နှင့်ပန်လုံဒေသ နှစ်ခုကို "၀"အုပ်ချုပ်မှုလက်သို့ လွှဲပြောင်းပေး

ဇန်နဝါရီ ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :1246
ပြည်တွင်း သတင်း

ညီနောင်မဟာမိတ်သုံးဖွဲ့ကဝင်ရောက်သိမ်းပိုက်ထိန်းချုပ်လိုက်သည့်  ဟိုပန်နှင့်ပန်လုံဒေသနှစ်ခုကို ၀ပြည်သူ့အစိုး၇ လက်ထဲသို့ လွှဲပြောင်းအပ်လိုက်ပြီးနောက် အဆိုပါဒေသနှစ်ခုမှာ၀အုပ်ချုပ်မှုအောက်ပြန်ရောက်သွားပြီဟု သိ၇သည်။

ဟိုပန်နှင့်ပန်လုံတို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအ၇ ဖြစ်လာသည့် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၇တိုင်း အတွင်းမှ မြို့များဖြစ်ပြီးစစ်ကောင်စီကထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။

ဟိုပန်နှင့်ပန်လုံဒေသနှစ်ခုအား ၀ ပြည်နယ်၊ ပြည်သူ့အစိုးရထံ လွှဲပြောင်းလက်ခံသည့်အခမ်းအနားအားယနေ့ဇန်နဝါရီလ ၁၀ ရက်တွင် ဟိုပန်မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ကြောင်းဒေသတွင်းသတင်းဌာနများမှဖော်ပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဟိုပန်ဒေသကို စစ်ကောင်စီကိုယ်စား ဦးညီနပ် ( ယခင်စစ်ကောင်စီ၏ ၀ တိုင်းဥဣဌ ) က ယနေ့ဇန်နဝါရီလ ၁၀ ရက်၊ မွန်းလွဲပိုင်းက ဟိုပန်မြို့ မြို့တော်ခန်းမတွင် ဒေသခံပြည်သူများရှေ့UWSA မှတာဝန်ရှိသူများထံ တရားဝင်လွှဲအပ်ပေးခဲ့သည်ဟု Wa Channel အပါအဝင် ဒေသတွင်းသတင်းမီဒီယာများကဖော်ပြသည်။

အဆိုပါလွှဲပြောင်းသည့်အခမ်းအနားအား ပြည်နယ်ထဲတွင်ဗဟို"၀"ပြည်နယ် ပြည်သူ့အစိုးရကိုယ်စား မိုင်းမောခရိုင်မှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ခဲ့သည်ဟုဆိုသည်။

ဟိုပန်မြို့ကိုဇန်နဝါရီလ ၅ ရက်နံနက်ပိုင်းက ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် UWSA" ၀" တပ်ဖွဲ့ကဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဟိုပန်နှင့်မိုင် ၂၀ ခန့်ကွာဝေးသည့်ပန်လုံမြို့ကိုလည်း UWSA ကဝင်ရောက်ထိန်းချုပ်ထားခဲ့သည်။(NN-23)

Photo - Wa Channel

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.