Preview

စစ်ကောင်စီနှင့်ညီနောင်မဟာမိတ်သုံးဖွဲ့ ယာယီအပစ်ရပ်စဲရေး သဘောတူညီမှုရရှိ

ဇန်နဝါရီ ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :5434
ပြည်တွင်း သတင်း

(မြန်မာနိုင်ငံအတွင်းရှိတရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၏ လုံခြုံရေးကိုမထိခိုက်၊ မဖျက်ဆီးကြရန် ကတိကဝတ်ပြုခဲ့ကြဟု တရုတ်ပြော)

စစ်ကောင်စီနှင့်ညီနောင်မဟာမိတ်သုံးဖွဲ့ တို့  တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ယာယီအပစ် ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

ဇန်နဝါရီလ ၁၂ရက်နေ့မှာကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမောနင်းက ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

"နှစ်ဦးနှစ်ဖက်ကချက်ချင်းအပစ်ရပ်စဲရေး၊ စစ်ရေးတပ်ဖွဲ့ဝင် အချင်းချင်းကြားထိတွေ့မှုမရှိစေရေး၊အငြင်းပွားမှုတွေနဲ့လိုလားချက်တွေကို ငြိမ်းချမ်းတဲ့တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်နဲ့ ဖြေရှင်းရေးစတဲ့ အချက်တွေအပေါ်သဘောတူညီမှု ရရှိခဲ့ကြပါတယ်"ဟု ပြောကြားသည်။

ထို့အတူ နှစ်ဦးနှစ်ဖက်မှနယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်းရှိတရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု တို့၏ လုံခြုံရေးကိုမထိခိုက်၊ မဖျက်ဆီးကြရန်ကတိကဝတ်ပြုခဲ့ကြပြီး နှစ်ဦးနှစ်ဖက်မှ ချက်ချက်အပစ်ရပ်စဲရေးဆိုင်ရာ အစီအမံနှင့်အခြားကိစ္စရပ်များကို ဆက်လက်ဆွေး နွေးသွားပါမည်ဟုလည်း သူမကပြောဆိုသွားသည်။

ဆွေးနွေးပွဲကိုဇန်နဝါရီလ ၁၀ နှင့် ၁၁ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့်တရုတ်နိုင်ငံ ကူမင်းမြို့တွင် တတိယအကြိမ် ကျင်းပခဲ့ပြီး စစ်ကောင်စီဘက်မှအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) ၏ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်သည့် ကိုယ်စားလှယ် ရ ဦး၊ MNDAA က ကိုယ်စားလှယ် ငါးဦး၊ TNLAက ကိုယ်စားလှယ်ခုနစ်ဦး၊ ရက္ခိုင့်တပ်တော် AA က ကိုယ်စားလှယ်ခုနစ်ဦးနှင့် တရုတ်နိုင်ငံက အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း တို့တက်ရောက်ခဲ့သည်ဟု သိ၇သည်။

အပစ်ရပ်စဲရေးသည်ယမန်နေ့ ဇန်နဝါရီလ ၁၁ မှစတင်ကာ အကျုံးဝင်ကြောင်း၊ သို့သော်လည်း ရှမ်းမြောက်ဒေသတွင်သာအပစ်ရပ်မည်ဖြစ်ပြီး ရခိုင်အပါအဝင်ကျန်ဒေသများမပါဝင်ကြောင်း ယခုအပစ်အခတ်ရပ်စဲရေးသည်ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသ အပစ်ရပ်ရေးကိုအဓိက သက်ရောက်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် နီးစပ်သည့် သတင်းများအရ သိ၇သည်။

ယနေ့ ဇန်နဝါရီ၁၂ ရက်အထိ ရခိုင်မှာ မင်းပြား၊ ကျောက်တော် ၊ မြောက်ဦးမြို့နယ် စသည့်မြို့နယ်တို့တွင်တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိ၇သည်။

 ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက "အပစ်အခတ် ရပ်စဲရေးနဲ့ပတ်သက်လို့ဒီဘက်မှာ ရိုက်ခတ်မှု တစ်စုံတစ်ရာမရှိသေးဘူး။ အရိပ်အယောင်လည်းမတွေ့ရသေးဘူး။ အခုလက်ရှိ ၇ခိုင်မှာတော့ မြို့နှစ်မြို့သုံးမြို့မှာ စခန်းသိမ်း တိုက်ပွဲတွေ ဖြစ်နေကြတယ်။ ပလက်၀ အပါအဝင်ပေါ့။အဲ့ဒီဘက်က အကျိုးသက်ရောက်မှုတွေတော့ ဒီမှာ တစ်စုံတစ်ရာသက်ရောက်မှုမရှိသေးဘူးလို့မြင်ပါတယ်"ဟုပြောသည်။ (NN-7)


#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.