Preview

''၀'' ပြည်နယ် ဟိုပန်ခရိုင်သစ်ဖွဲ့စည်းမည်

ဇန်နဝါရီ ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :1699
ပြည်တွင်း သတင်း

ဟိုပန်မြို့ နှင့် ပန်လုံမြို့တို့ ''၀''ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)အုပ်ချုပ်မှုအောက်သို့  လွှဲပြောင်းယူပြီးနောက် ဟိုပန်ခရိုင်သစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး '၀'ကိုယ်ပိုင်အုပ်ခွင့်ရတိုင်းပေါ့နော်။ အခြခံဥပဒအရ အဲ့ဒီကနေ လွဲပြောင်းယူလိုက်ပြီပါ့နော်။  ကြားကာလအုပ်ချုပ်ရေးကော်မတီ ကျွန်တော်တို့ဖွဲ့မယ်။ ၂ လပိုင်း ကျတော့မှအမြဲတမ်း ကော်မတီဖွဲ့မယ်။ ဟိုပန်ခရိုင်သစ် ဖွဲ့စည်းမယ်။ အဲ့ဒီမှာပန်လုံပါမယ်။ နောက် '၀' အုပ်ချုပ်ရေးအောက်က နားဝီးပါမယ်။  ဟိုပန်နဲ့ကပ်လျက်ကတော့ဗဟိုကနေတိုက်ရိုက်အုပ်ချုပ်တဲ့ နမ့်တစ် အထူးမြို့နယ်လို့ ခေါ်တယ်။ နမ့်တစ်ကိုလည်းထည့်မယ်”ဟု ပြောသည်။

အဆိုပါဒေသသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ပြီးဟိုပန်ခရိုင်သစ်ဖွဲ့စည်းပါက အဆင်ပြေမည်ဟု ပြောဆိုသည်။

“ ပြည်သူလူထုလည်း အေးအေးဆေးဆေးသမားများတယ်''၀''ကတော့ အများစုပေါ့နော်။ ရှမ်းလည်းများတယ်။ တရုတ်နဲနဲရှိတယ်၊ လားဟူနောက်မြောင်လူမျိုးတွေရှိတယ်။ ဟိုပန်မှာဆိုရင်လည်း ရခိုင်လည်းရှိတယ်။ဟိုနည်းနည်း ဒီနည်းနည်းပေါ့။  ၀ပြည်မှာ လူမျိုး၁၈ မျိုးရှိပါတယ်။ လူမျိုးမခွဲခြားဘူး။ အားလုံးကို နေထိုင်ခွင့်ပြုထားတယ်” ဟု ၎င်းကပြောသည်။


၁၀၂၇ စစ်ဆင်ရေးတွင်မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ဟိုပန်မြို့ နှင့် ပန်လုံမြို့များအားဇန်နဝါရီလ ၅ရက်တွင်  တိုက်ခိုက် ထိန်းချုပ်အပြီးတွင် စစ်ကောင်စီမှ ယင်းမြို့နှစ်မြို့အား  '၀'ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP/UWSA) အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းလိုက်ကြောင်း ၀ဘက်မှ တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များမှ သိမ်းပိုက်ရာတွင်လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်သား ၇၀၀ ခန့်ကိုလည်း  လားရှိုးမြို့သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းသိ၇သည်။

'၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းမှဟိုပန်မြို့ နှင့် ပန်လုံမြို့များအား   ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ရက်တွင်အခမ်းအနားဖြင့်  လွဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။



ဟိုပန်နှင့်ပန်လုံဒေသ နှစ်ခုအား '၀'ပြည်နယ် ပြည်သူ့အစိုးရထံလွှဲပြောင်းလက်ခံသည့် အခမ်းအနားကို ဟိုပန်မြို့တော်ခန်းမတွင် ကျင်းပခဲ့ပြီးဗဟို"၀"ပြည်နယ်ပြည်သူ့အစိုးရကိုယ်စား မိုင်းမောခရိုင်မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကတက်ရောက်ခဲ့ကြောင်းသိ၇သည်။

ဟိုပန်မြို့နှင့် ပန်လုံမြို့များသည် '၀' လူမျိုးများပိုင်ဆိုင်သည့်မြို့များဖြစ်ပြီး ၁၉၉၀ ခုနှစ် ဗိုလ်ချုပ်ကြီး စောမောင်လက်ထက်တွင် UWSA ထံလွှဲပြောင်းရာတွင် ကျန်ခဲ့သည့် မြို့များဖြစ် ကြောင်းသိ၇သည်။ (NN-20)

ပုံစာ- ၀ပြည်နယ်ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနား

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.