တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အိန္ဒိယသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၆ ဦးကို (၂)သုတ်ခွဲပြီး စစ်တွေသို့ ပြန်ပို့


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

အိန္ဒိယသို့ ထွက်ပြေးသွားခဲ့ကြသည့် စစ်ကောင်စီတပ်သား ၂၇၆ ဦးကို (၂) သုတ်ခွဲပြီး မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့အနီး Lengpui လေဆိပ်မှ တစ်ဆင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ပြန်ပို့နေကြောင်း သိရသည်။

ဇန်နဝါရီ ၂၂ ရက် တနင်္လာနေ့က ပထမအသုတ် ၁၈၄ ဦးအား ပြန်ပို့ခဲ့ပြီး ယနေ့တွင် ကျန်နေသည့် ၉၂ ဦးကို ယနေ့ ဇန်နဝါရီ ၂၃ ရက် အင်္ဂါနေ့တွင် ထပ်မံပို့ဆောင်မည်ဖြစ်သည်။

၎င်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၁၇ ရက်နေ့က အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အတွင်း Bandukbanga ရွာထဲကို လက်နက်ခဲယမ်းများနှင့်တကွ  ထွက်ပြေးရောက်ရှိလာသူများဖြစ်ကြသည်။

၎င်းတို့ကို Parva ရှိ အာသံရိုင်ဖယ်တပ်သို့ ရွှေ့ပြောင်းယူဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် Lunglei သို့ ယူဆောင်ကာ အာသံရိုင်ဖယ်က ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင်ထားရှိခဲ့သည်။


လွန်ခဲ့သော စနေနေ့နှင့် တနင်္ဂနွေနေ့က အိုက်ဇောမြို့သို့ ယူဆောင်လာခဲ့ပြီး Lengpui လေဆိပ်မှ တစ်ဆင့် ယမန်နေ့က ၁၈၄ ဦးကို လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး  ၉၂ ဦးကို ယနေ့ထပ်မံ ပို့ဆောင်မည် ဖြစ်သည်။

ရက္ခိုင့်တပ်တော်၏ တိုက်ခိုက်မှုကြောင့် ပလက်၀ ဒေသမှ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားကြသူများအထဲတွင် ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အရာရှိ ၃၆ ဦးပါဝင်ပြီး  တခြားအဆင့်တပ်ဖွဲ့ဝင် ၂၄ဝ ဦးပါဝင်သည်ဟု သိရသည်။

Ref: Mizoram News and Photo: Chang Mha Times

ဆက်စပ် သတင်းများ