အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

PDF ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ အား လက်နက်တပ်ဆင်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 862

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ အား လက်နက်တပ်ဆင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။ 

၎င်း လက်နက်တပ်ဆင်ခြင်းအခမ်းအနားကို ရှေ့တန်းတနေရာတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားကို အစီအစဉ် ၁၁ ရပ်ဖြင့်ကျင်းပခဲ့သည်ဟု သိရသည်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ရန်ကုန်တိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝတို့ တက်ရောက်ခဲ့သည်။

တပ်ရင်း ၅၁၀၁ အားတပ်ဆင်သည့်လက်နက်များကို တပ်ရင်း ၅၁၀၁ တပ်ရင်းမှူး ရဲဘော်ဩကာသနှင့် တပ်ခွဲမှူး ရဲဘော်စိုင်းငယ်တို့က လက်ခံရယူပြီး တိုက်ပွဲအတွင်း ရန်သူအားထူးချွန်စွာ ချေမှုန်းနိုင်ခဲ့သော စနိုက်ပါတပ်ဖွဲ့နှင့် စည်းကမ်းရေးရာစံပြတပ်သားဆုတို့ကိုပါ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဓာတ်ပုံ- ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ


ဆက်စပ် သတင်းများ