Preview

လာအို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံရေးနှင့်မသက်ဆိုင်သူ မြန်မာအရာရှိတစ်ဦးသာ တက်ရောက်ခွင့်ရ

ဇန်နဝါရီ ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :1265
ပြည်တွင်း သတင်း

လာအိုနိုင်ငံ၊ လွမ်ရာဘန်မြို့တွင် ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ စတင်ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခွင့်မရသေးဘဲ နိုင်ငံရေးနှင့် မသက်ဆိုင်သော အထက်တန်းအရာရှိတစ်ဦးသာတက်ရောက်ခွင့်ရကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားလိုက်သည်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ(၁)ရက် စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှစ၍ အာဆီယံက မြန်မာ့ အရေးကိုဘုံသဘောတူညီချက် (၅)ရပ် ချမှတ်ပြီး ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း သုံးနှစ် ကြာလာသည်အထိစစ်ခေါင်းဆောင်များက အကောင်အထည်ဖော်ခြင်းမပြုဘဲ လျစ်လျူရှုနေခဲ့သည်။

ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရန် ပျက်ယွင်းခဲ့သည့် မြန်မာစစ်ကောင်စီအားအာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့တက်ရောက်ခွင့် မပြုဘဲ ပိတ်ပင်ထားခဲ့သည်။

ယခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသော လာအို နှင့်စစ်ကောင်စီအကြား ဆက်ဆံရေး ပြေပြစ်မှု ရှိသဖြင့် စစ်ကောင်စီက ယခုနှစ် လာအို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့တက်ရောက်ရန် ဆန္ဒရှိသော်လည်း ကျန်အာဆီယံနိုင်ငံများက ပယ်ချသဖြင့်တက်ရောက်ခွင့်မ၇ခဲ့ပေ။


လာအိုအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံရေးနှင့်မသက်ဆိုင်သောအထက်တန်း အရာရှိတစ်ဦးကိုစေလွှတ်သွားမည်ဟု စစ်ကောင်စီက ဆိုသည်။

မြန်မာစစ်ကောင်စီသည် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခဲ့ကြသည့်သန်းပေါင်းများစွာသော ပြည်သူတို့၏ ဆန္ဒကို လျစ်လျူရှုကာ လက်နက်ဖြင့် အင်အားသုံးဖိနှိပ် နှိမ်နင်းခဲ့ရာမှသုံးနှစ်အတွင်း တစ်နိုင်ငံလုံး လက်နက်ကိုင်အင်အားစုများစွာ ပေါ်ထွက်လာပြီး ယခုအခါနိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွါးနေခဲ့သည်။

လက်ရှိတက်ရောက်ခွင့် ရရှိသူမှာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ဖြစ်သည်ဟုသိ၇သည်။

 ref:Bangkok Post

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.