စစ်ကောင်စီကသာမန်အခြေအနေမဟုတ်သေးဟုအကြောင်းပြ၍ အာဏာသိမ်းသက်တမ်းနောက်ထပ် (၆)လ ထပ်တိုးလိုက်ပြီးယခုတကြိမ်နှင့်ဆိုလျှင် အရေးပေါ်ကာလအဖြစ် သက်တမ်းတိုးသည်မှာ(၅)ကြိမ်မြောက်ရှိ ပြီဖြစ်ကြောင်းသိ၇သည်။
အာဏာသိမ်းသက်တမ်း၃ နှစ်ပြည့်သည့် ယနေ့ ဇန်နဝါရီ (၃၁) ရက်တွင် ကာလုံအစည်းအဝေး ကျင်းပကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၄၂၅)အ၇ သက်တမ်း (၆) လထပ်တိုးလိုက်ခြင်းဖြစ်ကြောင်း ကြောင်း သိ၇သည်။ "ဖွဲ့စည်းပုံ ဥပဒေပုဒ်မ (၄၂၅) အရ သာမန်အခြေအနေ မဟုတ်ခြင်းကြောင့် လိုအပ်ချက်နှင့်လုပ်ဆောင်ရမည့်အချက်များကို အရှိန် အဟုန်မပျက် ဆက်လက် လုပ်ဆောင်နိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ (၆) လ သက်တမ်း တိုးမြှင့်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကယာယီသမ္မတ ဦးမြင့်ဆွေထံ တင်ပြခဲ့ခြင်း ဖြစ်သည်"ဟု Popular News တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က"နိုင်ငံအား တည်ငြိမ်အေးချမ်းသည့် ပုံမှန်အနေအထား၊သာမန်အနေအထားသို့ ရောက်အောင်ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးသည်"ဟု တင်ပြဆွေးနွေးခဲ့သည်ဟုလည်း သိ၇သည်။
အလားတူတိုင်းရင်းသားဒေသများတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအခြေအနေ၊ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုအခြေအနေ၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုအခြေအနေများကိုလည်းတင်ပြခဲ့သည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစတင်ကာ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုး၇ကိုဖြုတ်ချပြီး စစ်ကောင်စီအာဏာသိမ်းထားခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီသည်အာဏာသိမ်းပြီးနောက်တစ်နှစ်ကြာအုပ်ချုပ်ခဲ့ပြီးနောက်တွင် အရေးပေါ်ကာလ အဖြစ် အာဏာသိမ်းသက်တမ်း(၆)လစီတိုးမြှင့်လာခြင်းဖြစ်ပြီး ယခုတကြိမ်နှင့်ဆိုလျှင်၅ ကြိမ် အထိသက်တမ်းတိုးခဲ့ပြီးဖြစ်သည်။
လက်ရှိတွင်အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်အပါ အဝင် တိုင်းရင်းသားဒေသတချို့၊ နိုင်ငံတဝှမ်း စစ်မျက်နှာများတွင်လက်နက်ကိုင်တော်လှန်ရေးတပ်များ၏ ထိုးစစ်ကိုရင်ဆိုင်ခုခံနေရပြီးမြို့များ၊စစ်စခန်းဗျူဟာများ လက်မလွှတ်ရရေး ကြည်း၊ရေ၊လေဘက်ပေါင်းစုံဖြင့်ခုခံနေ၇သည်။
(ဓာတ်ပုံ - ပေါ်ပြူလာ)