ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အာဏာသိမ်း (၃) နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံသတင်း)


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၂ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 317

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌  ထိုင်း၊မြန်မာ တက်ကြွလှုပ်ရှားသူများက မြန်မာစစ်တပ်အာဏာသိမ်းသည့်​  (၃) နှစ်ပြည့်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။

၎င်းလှုပ်ရှားမှုကို ချင်းမိုင်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Tha Phae Gate တွင် ဖေဖော်ဝါရီ ၁ ရက်  ညနေ ၅ နာရီမှစတင်ကာ ၇ နာရီခန့်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။


အဆိုပါ လှုပ်ရှားမှုကို ထိုင်း- မြန်မာ တက်ကြွလှုပ်ရှားသူများနှင့်ဖွဲ့စည်းထားသော အာဏာရှင်စနစ် ဆန့်ကျင်သူမိတ်ဆွေများ (Friends Against Dictatorship- FAD) မှ ဦးဆောင် ပြုလုပ်ခဲ့ပြီး ထိုင်း၊ မြန်မာ တက်ကြွလှုပ်ရှားသူများ နှင့် ချင်းမိုင်ရောက်နယ်ပယ်ပေါင်းစုံမှ မြန်မာများ ပါဝင်ခဲ့ကြသည်။

LGBT အရေးလှုပ်ရှားသူ ကိုဒေးဗစ်ဝေယံက "ရောက်တဲ့နေရာက ကျနော်တို့ တက်နိုင်တဲ့ဘက်က ပါဝင်ပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ပါဝင်ဆောင်ရွက်နေပါတယ်။ အခုတော်လှန်ရေး (၃) နှစ် ပြည့်လာတဲ့အခါမှာ အောင်မြင်မှုအရွေ့တစ်ခုကိုလည်း ကျနော်တို့ မြင်လာရတယ်။ နောက်ပြီး ကျနော်တို့ အာဏာရှင်စနစ် ဆုံးခမ်းတိုင်အောင်လုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်" ဟု ပြောသည်။


အာဏာသိမ်း (၃) နှစ်တာပြည့်လာသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေးမှုက ရပ်တန့်သွားမည် မဟုတ်ဘဲ  နောက်ဆုံးချိန်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ၎င်းက ပြောကြားသည်။

အခမ်းအနားတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ပြည်သူများသေဆုံးမှုများအား သရုပ်ဖော်ပြသခြင်း၊ သံပုံးတီးဆန့်ကျင်ခြင်း၊ ကဗျာရွက်ဖတ်ခြင်း နှင့် ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးခဲ့ရသည့်သူရဲကောင်းများအတွက် ဖယောင်းတိုင်မီးထွန်းကာ ငြိမ်သက်ဂုဏ်ပြုခြင်းများကို ပြုလုပ်ခဲ့ကြသည်။  (NN-7) 



ဆက်စပ် သတင်းများ