ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

နယူးယောက်မြို့တွင် မြန်မာစစ်အာဏာသိမ်းမှု ၃ နှစ်ပြည့် လူထုစုဝေးပွဲပြုလုပ် ကန့်ကွက်ဆန္ဒပြ


  • ရေးသူ: Web Master (NN 20)
  • | ရက်စွဲ: ၀၄ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 463

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Times Square ရင်ပြင်တွင် “ခုခံတော်လှန်စစ်နဲ့အတူ စစ်အာဏာသိမ်းမအောင်မြင်မှု ၃ နှစ်ပြည့်” လူထုစုဝေးပွဲတစ်ခုကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့ကြောင်း နယူးယောက်မြို့ New York City Burmese Community (NYCBC) တာဝန်ရှိသူ ဦးနေတင်မြင့်က နိရဉ္စရာ သတင်းဌာနကိုပြောသည်။

“ ဖေဖော်ဝါရီလ ၃ရက်နေ့မှာ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်ကို နယူးယောက်မြို့ရဲ့ Time Square ရင်ပြင်ပေါ်မှာ နေ့လယ် ၂နာရီကနေ ညနေ ၄ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက် စစ်အုပ်စုကို လက်မခံဘူးဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အစိုးရတွေသိအောင် ထဘီပေါ်မှာ စာတန်းတွေရေးပြီးတော့ ဆန္ဒထုတ်ဖော်ပြခဲ့တာဖြစ်ပါတယ်”ဟု ဦးနေတင်မြင့် မှပြောသည်။


နယူးယောက်မြို့တွင်ကျင်းပသော “ခုခံတော်လှန်စစ်နဲ့အတူ စစ်အာဏာသိမ်းမအောင်မြင်မှု ၃ နှစ်ပြည့်” လူထုစုဝေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အထူးဧည့်သည်အဖြစ် တက်ရောက် အားပေးခဲ့ကြောင်းလည်း ဦးနေတင်မြင့် မှပြောသည်။

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုတန်း ပြည်နယ်တော်တော်များများက တက်ရောက်ခဲ့သော အဆိုပါလူထုစုဝေးတွင် အာဏာသိမ်းစစ်တပ်အား မြန်မာပြည်တွင်းမှ ပထဆုံး လူထုဆန့်ကျင်လှုပ်ရှားမှု ဖြစ်သော သံပုံးတီးသပိတ်ကို ပြည်လည်အသက်သွင်း ပုံဖော်ခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု ဖြစ်သော အဖြူရောင်သပိတ်နှင့် Peace of White လှုပ်ရှားမှုများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ထို့ပြင် အမျိုးသမီးများကိုဂုဏ်ပြုသောအားဖြင့် ထဘီသပိတ်ကိုလည်းသရုပ်ပြကာ စစ်အာဏာရှင် စနစ်ကိုဆန့်ကျင်ကြောင်းပြသခဲ့ကြသည်။

ဒါရိုက်တာကိုပေါက်ရေးသားသော "မိုးခါးရေ ငါတို့မသောက်ဘူးလေ" သီချင်းကို မက်ဆာချူးဆက် ပြည်နယ် ဘော်စတွန်မြို့မှ တက်ရောက်လာသော အဆိုတော် ကိုဝင်းနိုင်စိုးမှ သီဆိုဂုဏ်ပြုခဲ့သည်ဟု သိရသည်။

ထို့နောက်ကြွေးကြော်သံများသံပြိုင်ဟစ်ကြွေးကာညနေပိုင်းတွင်အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြောင်းသိရသည်။


NN-20

(ဓာတ်ပုံ- ဦးနေတင်မြင့် ပေးပို့)

ဆက်စပ် သတင်းများ