ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘင်ဒရိုဘင်ခရိုင်နယ်စပ်အနီးတွင် ပြင်းထန်စွာ ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ကျည်ဆန်ထိမှန် ဒဏ်ရာ၇သူ (၁၅) ဦးအပါအအဝင်မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၈ ဦးထက်မနည်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယမန်နေ့က ခိုလှုံခဲ့ကြသည်ဟု The Daily Starက သတင်းဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၏ လက်နက်အား ဖြုတ်သိမ်းထားပြီး ဘန်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီတွင် ထိန်းသိမ်းထားကြောင်း BGB ၏ ပြည်သူ့ဆက်ဆံရေးအရာရှိ Shariful Islam က ယမန်နေ့ညကThe Daily Star သို့ ပြောကြားခဲ့သည်။
မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်မတော် (ရက္ခိုင့်တပ်မတော်) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြားက ကျည်ဆန်များနှင့် မော်တာကျည်များ ယမန်နေ့၌ ထပ်မံကျရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီ ၄ ရက် နံနက် ၃ နာရီခန့်တွင် သေနတ်သံများ စတင်ကြား၇ပြီး မနေ့ညနေအထိခေတ္တနားမနေဘဲ ဆက်လက်ဖြစ်ပွားခဲ့ကာ တောင်ပြို ဧရိယာမှ ပြည်သူများ ကြောက်လန့်တကြား နေထိုင်နေကြ၇သည်။
အိပ်ရေးမ၀သောညတစ်ခုဖြစ်ခဲ့၇ပြီး ကလေးသူငယ်များပါသောမိသားစုများစွာတို့ သည် ထိုဒေသမှ ခြေလျင်ထွက်ခွာခဲ့ကြသည်ဟုဆိုသည်။
တချို့က အစားအသောက် အိတ်သေးသေးလေးများနှင့် တခြားလိုအပ်သော ပစ္စည်းများကို သယ်သွားကြကြောင်း၊ ပြင်းထန်စွာ ပစ်ခတ်မှုများကြောင့် လူအများအပြားသည် နှစ်ဘက်နိုင်ငံ No man Land တွင် ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ အစိုး၇ ပါတီ အဝါမီလိဂ် အထွေထွေအတွင်းရေးမှူး Obaidul Quader က အဆိုပါကိစ္စတွင် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးရန် ယမန်နေ့ကတောင်းဆိုခဲ့သည်ဟု အစိုး၇ပိုင် BSS က ဖော်ပြသည်။
“သေနတ်သံတွေ ကြားနေတယ်။ပြည်သူတွေ အထိတ်တလန့် ဖြစ်နေတယ်။ လူတွေက ကြောက်လန့်ကြတာ။ အဲဒါကြောင့် တရုတ်ရဲ့ ကြားဝင် ဖြေရှင်း ပေးမှုကို ကျွန်တော်ရှာခဲ့တယ်” ဟု ကုန်းလမ်းနှင့် တံတားဝန်ကြီးက ၎င်း၏ ရုံးခန်းတွင်သတင်းထောက်များနှင့် အမြင်ချင်းဖလှယ် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။
ယမန်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး YaoWen သည် လက်ရှိ အစိုး၇ ပါတီ အဝါမီလိဂ်အထွေထွေအတွင်းရေးမှူး Quader အားလာရောက်တွေ့ဆုံခဲ့သည်။
ဘင်္ဂလာ ပြည်ထဲရေးဝန်ကြီး AsaduzzamanKhan Kamal က နိုင်ငံခြားရေး ဝန်ကြီးဌာနသည်မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို စတင်နေပြီဟု ယမန်နေ့ မွန်းလွဲပိုင်းတွင်ပြောကြားခဲ့သည်။
“သူတို့ မြန်မာနယ်ခြားတွေအထဲက တစ်ယောက်မှ ဒီကို မလာသင့်ဘူး” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Chandraနယ်မြေ နယ်စပ်အနီးတွင် မြန်မာစစ်တပ်မှ ၇ဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် Ferdous အမည်ရှိ အမျိုးသားတစ်ဦး သေနတ် ထိမှန်ခဲ့ကြောင်းကော့ဘဇားရှိ Ukhiya ရှိ MSF ဆေးရုံသို့ပို့ဆောင်ခဲ့သည့် Abdur Rahim အမည်ရှိ ဒေသခံတစ်ဦးကပြောကြားခဲ့သည်။
ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် Shamsul Alam အမည်ရှိ အခြား အမျိုးသားတစ်ဦး ကျည်ဆန်ဒဏ်ရာရရှိခဲ့သဖြင့် အလားတူဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အိုးကီးယား ရဲစခန်းမှတာဝန်ခံ Shamim Hossain က ဒဏ်ရာ၇ မြန်မာနယ်ခြားစောင့်တပ်သား ၁၅ ဦးကို နယ်စပ် MSF ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ပြောသည်။
တောင်ပြိုသို့လာရောက်သော DailyStar သတင်းထောက်သည် မရေမတွက်နိုင်သော ကျည်ဆန်များနှင့် ပေါက်ကွဲလာသည့် လက်နက်ကြီးကျည်များသည် နယ်စပ် ဖြတ်ကျော်ကျလာသည်ကိုတွေ့ခဲ့၇သည်။
မြန်မာဘက်က မော်တာကျည်တစ်လုံးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ကီလိုမီတာဝက်ခန့် ကျရောက်သွားခဲ့သည်ဟုဆိုသည်။
မြန်မာ ၇ဟတ်ယာဉ်များ ဗုံးကြဲချတာကိုနေ့ စဉ် နှစ်ကြိမ် တွေ့ခဲ့၇သည်ဟု ဒေသခံများ ပြောသည်။
ရက္ခိုင့်တပ်မတော်သည် မကြာသေးမီ ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်အတွင်း နေရာ အများအပြားကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း သိ၇သည်။
ရက္ခိုင့်တပ်တော် (AA) သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်စပ်တစ်လျှောက်နယ်ခြားစောင့် ရဲကင်းစခန်းများ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိ၇သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။
Ref: TheDaily Star