Preview

နောက်ထပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၁ ဦး ဘင်္ဂလာသို့ ထပ်မံထွက်ပြေးခိုလှုံလာသဖြင့် ခိုလှုံလာသူ အရေအတွက် ၂၂၄ ဦးအထိရှိလာ

ဖေဖော်ဝါရီ ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :3306
ပြည်တွင်း သတင်း

မြန်မာဘက်က နောက်ထပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၁ ဦး ထပ်မံထွက်ပြေးခိုလှုံလာသဖြင့် ဖေဖော်ဝါရီ ၆ ရက်နေ့ထိ ဝင်ရောက်လာသူ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အရေအတွက်မှာ ၂၂၄ ဦးရှိသွားပြီဟု ဒေသအတွင်း သတင်းဌာနတစ်ခုဖြစ်သည့် အိုကီးယားနယူးစ်တွင်သတင်းဖော်ပြသည်။

၎င်းတို့သည် နယ်စပ်တွင် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားရာမှထွက်ပြေးလာကြပြီး ဘင်္ဂလားဒေ့ရှ်ကို ခိုလှုံလာကြသူများဖြစ်သည်ဟုဆိုသည်။

ယခင်အစောပိုင်းက ဝင်ရောက်လာသူ ၁၁၃ ဦးရှိပြီး လက်ရှိ ဝင်ရောက်ခိုလှုံလာသူ၁၁၁ ဦးနှင့် ပေါင်လျှင် စုစုပေါင်း ၂၂၄ ဦးရှိသွားပြီဟု ၎င်းသတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး  HasanMahmud က ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ စစ်ကောင်စီ မြန်မာသံအမတ်အောင်ကျော်မိုးနှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးလွင်ဦးတို့က ထွက်ပြေးခိုလှုံနေသည့်နယ်ခြားစောင့်တပ်များသားများအား ပြန်ခေါ်ယူမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ဆက်သွယ်ပြောကြားလာသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်သည် မောင်တောမြို့နယ်မြောက်ပိုင်းမှ တောင်ပြိုမြို့ (လက်ဝဲ) နှင့် (လက်ယာ) နယ်ခြားစောင့်စခန်းနှစ်ခုလုံးကို ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တောင်ပြိုလယ်ယာစခန်းကို သိမ်းပိုက်ထားပြီဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.