Preview

အမေရိကန်က မြန်မာ့အရေးကို အနီးကပ်လေ့လာစောင့်ကြည့်နေဟုဆို

ဖေဖော်ဝါရီ ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :2284
ပြည်တွင်း သတင်း

မြန်မာနိုင်ငံ၌ဖြစ်ပေါ်လျှက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အမေရိကန်က အနီးကပ်စောင့်ကြည့်လျှက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌ တစ်နေ့တခြားတိုးပွားလာနေသည့်တင်းမာမှုများ၊ အဆက်မပြတ်ဖြစ်ပွားနေသည့်ပဋိပက္ခများကို အမေရိကန်ကလည်း အခြားနိုင်ငံများနည်းတူ အလွန်အမင်းစိုးရိမ်နေမိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင် ဒါကာရှိ အမေရိကန်သံရုံးအရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

" ကျွန်တော်တို့အနီးကပ်စောင့်ကြည့်နေပါတယ်။ ပြောရရင် ကျွန်တော်တို့ အင်မတန်စိုးရိမ်ပါတယ်။ ကမ္ဘာကြီးကလည်းစိုးရိမ်နေပါတယ်။ ကျွန်တော်တို့ဟာ အခုဖြစ်နေတဲ့အခြေအနေကို နီးနီးကပ်ကပ် လေ့လာပြီး စောင့်ကြည့်နေပါတယ်" ဟု ဒါကာ အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ စတီဖင် အက်ဖ်အီဘယ်လီ က ပြောကြားခဲ့သည်။

လူငယ်သတင်းထောက်များအတွက်ဖွင့်လှစ်သည့် နည်းပညာပြပွဲ (TechCamp)ဖွင့်ပွဲအခမ်းအနားတွင်သတင်းထောက်များ၏ မေးမြန်းချက်ကို သူက ဖြေကြားခဲ့ခြင်းဖြစ်သည်။

အခြားမေးခွန်းတစ်ခုမေးမြန်းရာတွင် အမေရိကန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် စီးပွားရေး၊ ရာသီဥတုပြောင်းလဲမှုစသည့် အဓိကကျသောနေရာများတွင်လက်တွဲအလုပ်လုပ်ကြောင်း သူက ဖြေကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်သည်နံပါတ် တစ် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်သည် ကုန်စည်နှင့် ဝန်ဆောင်မှုတင်ပို့ရာတွင်နံပါတ် တစ် နေရာတစ်ခုဖြစ်သည်ဟု သူက ပြောကြားခဲ့သည်။

ဒါကာရှိအမေရိကန်သံရုံးက ပံ့ပိုးကူညီသည့် သုံးရက်ကြာ ကျင်းပမည့် TechCamp ပွဲတော်တွင်ဘင်္ဂလားဒေ့ရှ် သတင်းထောက်လူငယ် ၅၀အား သတင်းတု၊ သတင်းမှား ခွဲခြားခြင်း၊အေအိုင်နည်းပညာအသုံးချခြင်း နှင့် သတင်းမှားတိုက်ဖျက်ခြင်းများကိုပို့ချပေးသွားမည်ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်အနောက်ဘက်နယ်စပ်တစ်လျှောက်အပါအဝင် ရခိုင်ပြည်အနှံ့အပြားတွင်စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်းသိ၇သည်။

NN-27

Ref:Dhaka tribune and Photo: Amnesty International

#အမေရိကန်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.