ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်တလျှောက်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို ကန့်ကွက်ရန် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကအင်္ဂါနေ့က ဆင့်ခေါ်ခဲ့သည်ဟု သိ၇သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ် Mia Mohammad Mainul Kabir မှနိုင်ငံတော် ဧည့်ရိပ်သာတွင် စစ်ကောင်စီ မြန်မာသံအမတ်အားတွေ့ဆုံပြီးကန့်ကွက်လွှာကို ပေးအပ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်တောင်ပြိုတွင်မော်တာကျည်ဆန်များ ကျရောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတစ်ဦးနှင့် မြန်မာမွတ်ဆလင် ဒုက္ခသည်အမျိုးသားတစ်ဦးတို့ တနင်္လာနေ့က သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်ရပ်အပြီးတွင် မြန်မာသံအမတ်ကို ခေါ်ယူကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင်မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင်အခြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများအပြားလည်းမော်တာကျည်ဆန်များ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိ၇သည်။
နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများအရမြန်မာနိုင်ငံမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) အဖွဲ့ဝင် ဦး ၂၆၄ ဦး အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ထွက်ပြေးခိုလှုံရန် ရောက်ရှိနေသည်ဟု သိ၇သည်။
သူတို့ကိုပြန်ပို့ရန် ဘင်္ဂလားဒေ့ရှ်က မြန်မာစစ်ကောင်စီနှင့် ဆွေးနွေးနေကြောင်း သိ၇သည်။ (NN-30) Ref: Dhaka Tribune